ဒီရေတာသို့တမ်းခြင်း
ဆန်းသည်မနေ့ညကကောင်းစွာမအိပ်ရသေးသဖြင့် သည်မနက်တွင် ပင်ပန်းနုံးချိလျက်ရှိနေသည်။
မနေ့က မြတ်နိုးမိုင်ထံရောက်ခဲ့ချိန်တွင်
မိုင်လေးသည်အဆက်မပြတ်အန်နေသည့်အပြင်
ဗိုက်လည်းနာနေသည်ဆို၍ ဆန်းမှအခြေနေ
မဟန်ဟုထင်ကာ သူမအားဆေးရုံ
ခေါ်သွားလေသည်။ဆေးရုံရောက်သည်နှင့်
မြတ်နိုးမိုင်အဖို့အရေးပေါ်အသေးစားခွဲစိတ်ကုသရန်
ဆန်းမှာအုပ်ထိန်းသူနေရာမှလက်မှတ်ထိုးခဲ့ရ
သေးသည်။ဆတ်ရှိရာဆေးရုံတွင်သာအပြေးသွားခဲ့သော်လည်း
ဆတ်သည်ခွဲခန်းဝင်နေသဖြင့် မိုင်လေးအား
အခြားသော ဆရာဝန်မှ ခွဲစိတ်ကုသပေးခဲ့သည်။
ဟုတ်ပါသည်။မြတ်နိုးမိုင်သည် ခွဲစိတ်ခဲ့ရသည်။
ထို့ကြောင့်လည်း ဆန်းမှလက်မှတ်ထိုးခဲ့ရခြင်း။
မြတ်နိုးမိုင်မှ ခွဲခန်းဝင်ပြီးနှစ်နာရီအကြာတွင် ခွဲခန်းမှ
ခွဲစိတ်ပေးသည့် ဆရာဝန်ထွက်လာရာ
စိုးရိမ်စရာမရှိဟုဆိုကာ မိုင်လေးအား ရိုးရိုးလူနာ
ဆောင်သို့ပြောင်းပေးခဲ့သည်။ဆေးအရှိန်ကြောင့်မိုင်လေးမှာ အိပ်မောကျနေဆဲ
ဖြစ်ပြီးအားဆေးသွင်းထားသဖြင့် ဆေးရေ၏
တတောက်တောက်မြည်သံကြား ဆန်းသည်လည်း
ဆရာဝန်မှ စိုးရိမ်စရာမရှိ၊အစာမှား၍သာ
ဤသို့ဖြစ်သည်ဟုဆိုလာသည့်တိုင်အောင်
ဆန်းမှစိတ်မအေးနိုင်သေး။အိပ်မောကျနေသည့် မြတ်နိုးမိုင်အနားထိုင်ကာ
ဆန်းသည်သူမ၏လက်ဖဝါးအားဆုပ်ကိုင်ထား
ကာစိုးရိမ်ပူပန်လျက်ရှိနေသည်။မြတ်နိုးမိုင်မှခွဲစိတ်ပြီးသိပ်မကြာခင်
လူနာခန်းသို့ ဆတ်သည် ဆရာဝန်ကုတ်အား
ဝတ်ဆင်လျက်သာရောက်ရှိလာလေသည်။
သူသည်လည်းမြတ်နိုးမိုင်အား ခဏတာမျှစိတ်ပူ
သွားပုံပင်။ဘယ်လိုပြောပြော သူသာလျှင်
မိုင်လေး၏တကယ့်ပိုင်ရှင်ပင်မလား။ဆတ်သည်အခန်းထဲဝင်လာပြီး
သိပ်မကြာလိုက်..ညဂျူတီရှိသည်ဟုဆိုကာ
ထွက်သွားပြန်လေသည်။ဆန်းသည်လည်း
တညလုံးမအိပ်ပါပဲ မိုင်လေးအားအဖော်ပြု
ပေးရာမှ ရုတ်တရက် တာအားရုပ်ရှင်ရုံတွင်
လာကြိုမည်ဟုဆိုထားသည်အားသတိရသွား
လေသည်။အချိန်အားကြည့်လိုက်ရာ မစောတော့။ည၁၀နာရီပင်ရှိနေလေပြီး။
![](https://img.wattpad.com/cover/218681150-288-k867760.jpg)
YOU ARE READING
ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)