အပိုင္း(၅)

144 10 0
                                    

ဒီရေတာသို့တမ်းခြင်း

ခေါင်ထက်ထံမှအဝင်ခေါလ်လက်ခံပြီးသည်နှင့်
ဆန်းသည်တနေရာသို့အမြန်ပင်အရောက်သွားလေ
တော့သည်။မည်သို့သောကိစ္စအားပြောနေခဲ့
ကြသည်အားသေချာမသိပါသော်လည်း
ထိုကိစ္စမှာကျိန်းသေအရေးကြီးကိစ္စဖြစ်ရမည်
ထင်သည်။မဟုတ်လျှင်ဆန်းသည်လည်းဤကဲ့သို့
အလျင်စလိုဖြစ်နေလိမ့်မည်မထင်။

ဆန်း၏အတွေးထဲတွင်လည်းမနက်က
တွေ့သည်တောင်အကောင်း၊မည်သည့်စကား
မှလည်းအစမဖော်ပါပဲ ယခုကျမှ
ဘာ့အတွက်ကြောင့်ထိုင်းနိုင်ငံသို့သွားရန်
ချက်ချင်းပြင်ဆင်နေရသနည်း။ဘယ်လိုပြောပြော
အနည်းဆုံးတော့သူကိုယ်တိုင်ဖုန်းဆက်
ပြောသင့်သည်မဟုတ်လား။

စိတ်ပူနေ၍လား၊သို့မဟုတ်စိတ်တိုနေ၍လားတော့
မသိ။အမြန်ပင် ထိုသူ၏နေအိမ်အား
ရောက်ရှိရန် ကားအားအသားကုန်
မိုင်တင်လျက် မောင်းချလာလေသည်။
ဦးတည်ရာရောက်သည်နှင့် ကားပါကင်ပင်
မထိုးဖြစ်တော့ပါပဲကြုံရာနေရာတွင်သာရပ်ထားလျက်
ဆန်းသည် ထိုသူရှိတာကွန်ဒိုအပေါ်ထပ်သို့
ပြေးတက်သွားလေသည်။

ကွန်ဒိုရှေ့သို့ရောက်သော်လည်းအလွတ်ရနေသည့်
တံခါးကုတ်နံပါတ်အားရိုက်ထည့်လိုက်
လေသည်။

""တာ~တာ~မင်းဘယ်မှာလဲ တာ""

တာမှရေမိုးချိုးနေသဖြင့်ဆန်း၏ခေါ်သံအား
မကြားလိုက်မိ။အလုံခန်းဖြစ်သည့်
အတွက် ရေကျသံသာကြားနေရသည်လေ..
ဆန်းသည်လည်း တာနာမည်အားခေါ်နေရင်းမှ
ရေကျသံကြားနေရသဖြင့် ဒီရေတာ မှာ
ရေချိုးနေသည်မှန်း ရိပ်မိသွားလေသည်။

ထို့ကြောင့်လည်း ဆန်းသည် အနီးနားရှိ
ဆိုဖာပေါ်တွင်ထိုင်ကာ အရှေ့တွင်စီရီထားသည့်
ခရီးဆောင်အိတ်အထုပ်ပိုးတို့အား
သေချာစွာကြည့်နေလေသည်။

သူပင်မသိလိုက် သတိမထားမိလိုက်ပါပဲ
တာတယောက်သူ့အနားမှထွက်သွားရန်
ပြင်ဆင်နေလေပြီး။

ဘာလို့လဲ...တာပြောခဲ့ဖူးသည်။
သူ့အနားမှာ သူ့စေရာအတိုင်းနေမည်တဲ့။
သူသာမောင်းမထုတ်လျှင်အမြဲတမ်း အနားတွင်
သူငယ်ချင်းအဖြစ်နေပေးမည်တဲ့။သည်ဆို
ဘာလို့ထွက်သွားရန် တာမှ ပြင်ဆင်နေရ
သနည်း။သူတစ်ခုခုများတာမကြိုက်တဲ့အမှား
လုပ်မိခဲ့လို့လား။

ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)Tahanan ng mga kuwento. Tumuklas ngayon