ဒီရေတာသို့တမ်းခြင်း
ယနေ့မှာမူ ဇူးမြတ်သည် ဆေးရုံသို့သတ်မှတ်ချိန်
ထက်စော၍ရောက်လာလေသည်။
အကြောင်းမှာ ဇူးမြတ်သည် ပို၍ကြိုးစားကာ
ပို၍ထူးချွန်သည့်ဆရာဝန်ဖြစ်ချင်သည့်အိပ်မက်
ရှိသည့်အတွက် သူ၏အိပ်မက်အားအကောင်ထည်
ဖော်နိုင်ရန်အလို့ငှါ ဤသို့ကြိုးစားရန် ဆုံးဖြတ်
လိုက်ခြင်း။ဇူးမြတ်၏ဆရာဝန်ဖြစ်ချင်သည့်အိပ်မက်မှာ
အမှန်တကယ်ဆိုရလျှင် သူ၏ဝါသနာကြောင့်
ဖြစ်ပေါ်လာသည်မဟုတ်ပါပဲ
တစုံတယောက်နှင့်ပေးထားသောကတိအားစေရန်
အလို့ငှါ ဆေးကျောင်းတက်ရန် ဆုံးဖြတ်လိုက်ရခြင်း။မိုးတွင်းဟုဆိုရမည်လားတော့မသိ။
သည်မနက်ခင်းတွင်လည်းမိုးအသည်းအသန်
ရွာသွန်းနေပြန်ပါသည်။ဇူးမြတ်သည်
မနက်ခင်းအစောပိုင်းထဲကဆေးရုံသို့ရောက်လာ
သည်ဖြစ်၍ ဆေးရုံရောက်ပြီးခဏအကြာမှသာ
မိုးများသည်းထန်စွာရွာသွန်းလာလေသည်။ဇူးမြတ်သည် မိုးတွင်းအားအလွန်နှစ်သက်သည်။
မိုးရာသီ၌မွေးဖွားကာ မိုးသည်းထန်စွာရွာသွန်း
သည့်နေ့တွင်မွေးဖွားခဲ့သဖြင့် ဇူးမြတ်သည်
မိုးရေနှင့်ထိတွေ့ရသည်အား လွန်စွာသဘောကျသည်။
မိုးမှာတနေကုန်သည်းထန်စွာရွာသွန်းလျက်ရှိနေပြီး
သည်နေ့တွင်မိုးရွာနေသည်အားရပ်နားရန်အစီစဉ်
ရှိမည်မထင်။ဇူးမြတ်သည် တနေကုန်အလုပ်သင်
သင်တန်းဆင်းပြီးညနေစောင်းသို့ရောက်သော်အခါ
ဆေးရုံမှအိမ်သို့ပြန်လာရန်အချိန်ကျရောက်လာ
လေသည်။မိုးရာသီအား ဇူးမြတ်နှစ်သက်ကာ
မိုးရေနှင့်ထိတွေ့ရသည်အားဇူးမြတ်ချစ်သည်။
သို့သော်လည်းယခုမှာမူသူ၏ခန္ဓာကိုယ်ထက်
ဝတ်ဆင်ထားသည်မှာ ဆရာဝန်ယူနီကုတ်။ယနေ့မှ ကံမကောင်းစွာပင်အဝတ်ပိုယူမလာခဲ့မိ။
ဆရာဝန်ယူနီကုတ်လေးတော့မိုးရေမိတော့မှာပဲ..
ဟုသာ တွေးရင်းနှင့်ပင် သက်ပြင်းချမိပြန်သည်။
လက်တွင်ပတ်ထားသည့်နာရီအားတချက်ကြည့်
လိုက်ရာလက်တံတိုမှညွန်းထားသည်မှာ ၄နာရီ။ဇူးမြတ်သည် သူ၏နားနေခန်းဖြစ်သော
အလုပ်သင်ဆရာဝန်လောင်းတို့အဖို့သီးသန့်ထားရှိ
ထားသည့်နားနေခန်းအားပြန်လာကာ
သူ၏ဆရာဝန်ယူနီကုတ်အားချွတ်ကာ သူ့ကိုယ်ပိုင်
ဖြစ်သည့်lockerတွင်ခေါက်လိပ်၍ထည့်
ထားလိုက်သည်။လူသာရေစိုလည်း
ကိစ္စမရှိ၊ယူနီကုတ်မှာမူရေစိုလို့မဖြစ်။
YOU ARE READING
ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)