အပိုင္း(၁၃)

110 11 2
                                    

ဒီရေတာသို့တမ်းခြင်း

အတန်ကြာမောင်းနှင်လာပြီးနောက်အလိုရှိရာ
ခရီးသို့ရောက်ရှိလာလေသည်။
ရွာတရွာပုံစံဖြစ်ပြီးအိမ်များစွာလည်း
တအိမ်နှင့်တအိမ်နီးကပ်မနေပါပဲ
မိမိခြံနှင့်မိမိသာစိုက်ပျိုးစားသောက်
ကြသည့်ပုံပင်၊ကံကောင်းသည်ဟုဆိုရမလား
တော့မသိ။

သည်လိုခေါင်ကျသောကျေးလက်ဒေသ၌လျှပ်
စစ်မီးရနိုင်သည့်အပြင် ဖုန်းလိုင်းလဲမိသည်ဆိုထဲ
ကိုက သည်ရွာ၏အခြေနေသည်
တာတွေးထင်ထားသည်ထက်ပင်ပို၍အဆင်ပြေ
နေသည်။

မိုးဦးစဖြစ်သည့်အတွက်စိုက်ပျိုးသီးနှံများ
ဖြစ်ထွန်းကာအချို့မှာလည်း လယ်ယာလုပ်ငန်း
အားလုပ်ကိုင်ကြလေသည်။အချို့မှာမူ လယ်ကွင်း
ပြောင်ထက် နွားအုပ်ကြီးအားထိန်းကျောင်းကာ၊
အချို့မှာ ရိုးရာကျေးလက်ကစားနည်းဖြစ်သည့်
ခြင်းခတ်အားခတ်နေကြလေသည်။

ကလေးသူငယ်များအချို့သည်လည်း
ပိုက်ထောင်ကာငါးဖမ်းကြသကဲ့သို့၊
အချို့မှာ ဝါကျင်ကျင်ဖြစ်နေသောချောင်းရေအား
ပျော်ရွင်စွာပင် ဆော့ကစားနေကြပါသည်။

မိန်းမပျိုလေးမှာအချို့မှာတော့ အိမ်မှုကိစ္စအဝဝ
အားပြုလုပ်ကာ ဝမ်းရေအဖို့ချက်ပြုတ်ရှာဖွေ
ရသေးသည်။အချိန်တည်းတွင် မြင်တွေ့ရသည့်
သည်မြင်ကွင်းတို့ကြောင့် သည်နေရာအားလာ
မည်ဟုတာဆုံးဖြတ်ထားသည်တို့မှာ
မှန်သည်ဟုပင် ဆိုရမည်ဖြစ်သည်။

ရွာသို့ရောက်သည်နှင့် တာနှင့်ဆန်းမှာ
ရွာလမ်းအားမသိတော့သဖြင့် ရွာသူကြီးထံအရင်
သွားရလေသည်။ရွာသူကြီးမှာလည်း
ဖော်ရွေလှပါသည်။မြို့မှလာသည့်
ဧည့်သည်ဖြစ်သည့်အတွက်ဆန်းနှင့်တာ
အား သူ၏နေအိမ်၌ လက်ဖက်ရည်နှင့်ဧည့်ခံ
လေသည်။ပြီးမှသာလျှင် လာရင်းအကြောင်းအား
မေးမြန်းလေသည်။

ဆန်းသည်တော့ မိုင်လေးထံဖုန်းဆက်အကြောင်း
ကြားအုံးမည်ဟုဆိုကာ စကားဝိုင်းထဲမှ
ထထွက်သွားလေသည်။

""အမောင် ရွာကိုလာရတဲ့အကြောင်းရင်း
လေးဆိုပါအုံး""

ရွာသူကြီးသည် တင်ပလ္လင်ခွေထိုင်ကာ
ပေါင်ပေါ်လက်တဖက်ထောက်လျက်
တာအားမေးလာလေသည်။
ပါးစပ်တွင်လည်း ကွမ်းယာအား
ဝါးထားသဖြင့် အသံတို့ဝဲခါနေလျက်
ရှိသည်။ရွာသူကြီးမှဆိုလာတော့လည်း တာသည်
အချိန်မဆွဲတော့ပါပဲ သူ၏အိတ်ကပ်ထဲ၌ဓာတ်ပုံ
တပုံအားထုတ်ပြလိုက်လေသည်။

ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)Donde viven las historias. Descúbrelo ahora