အပိုင်း(၃၂)

106 11 0
                                    

ဒီရေတာသို့တမ်းခြင်း

မျက်လုံးနှစ်လုံးဖွင့်လိုက်သည်နှင့်မြင်တွေ့နေရသော
အဖြူရောင်မျက်နှာကြတ်တခု။

ထိုမျက်နှာကြတ်အားငေးကြည့်ကာ
ဂျူဆိုင်းမောင်သည်လှဲနေရာမှ ထလာကာထိုးကိုက်
နေသော ခေါင်းအား လက်ဖြင့်ကြမ်းကြမ်း
ဖိနိပ်ထားလေသည်။ယခုအချိန်ထိ သူသည်
လူနှင့်သတိကပ်ငြိခြင်းမရှိသေး။

ခေါင်းထိုးကိုက်နေသည်မှာ အနည်းငယ်သက်သာ
သည်ဆိုမှ ဂျူဆိုင်းမောင်သည်
သူရောက်ရှိနေသောနေရာအား
ပတ်ပတ်လည်တချက်ဝေ့ကြည့်လိုက်ရာ
မရင်းနှီးလှသော နေရာဖြစ်၍
ဂျူဆိုင်းမောင်သည် သူ့ကိုယ်သူပင်
နားမလည်နိုင်ဖြစ်သွားရသည်။
အဘယ့်ကြောင့်သည်နေရာအားရောက်လာရသနည်း။
သူနောက်ဆုံးမှတ်မိသည်က
ဇူးမြတ်အား ဆေးရုံတွင်သွားခေါ်ခဲ့ခြင်းပင်။

ဂျူဆိုင်းမောင်ခေါ်ဆောင်ရာနောက်သို့ လိုက်ပါလာ
သောဇူးမြတ်သည် မောင်မှ
ယခုလက်ရှိသူနေထိုင်သည့်
နေရာအား မေးလာသဖြင့်ဇူးမြတ်သည်လည်း
မောင့်အားပြောပြကာ ထိုနေရာသို့ရောက်ရှိလာ
လေသည်။အိမ်ထဲမှထွက်လာပြီးချိန်မှစ၍
ဇူးမြတ်သည် ဆေးရုံနှင့်မနီးမဝေးတွင်
တည်ရှိနေသော guest houseတခုတွင်
ရက်ရှည်ကြာငှားနေလေသည်။

ဂျူဆိုင်းမောင်မှ ဇူးမြတ်၏အခန်းသို့ရောက်လာ
ကာ အခန်းနေရာအား တချက်ဝေ့
ကြည့်လိုက်ရာ သူ၏မျက်နှာပေါ်တို့တွင်
အလိုမကျမှုများ ဖြတ်သန်းသွားလေသည်။
ပြီးနောက် လွတ်နေသော ခုံတစ်ခုံပေါ်တွင်ဝင်ထိုင်
လိုက်ကာ ဇူးမြတ်မှ ဂျူဆိုင်းမောင်
အဖို့သောက်စရာရေတခွက်
လာကမ်းပေးလိုက်ရာထိုရေခွက်အား
ဂျူဆိုင်းမောင်မှ လှမ်းယူ၍တကျိုက်မော့သောက်
လိုက်ပါသည်။

ဇူးမြတ်သည် ခုံပေါ်တွင်ထိုင်နေသော
မောင်၏မျက်နှာချင်းဆိုင်တနေရာတွင်
ဝင်ထိုင်လိုက်လေသည်။ဂျူဆိုင်းမောင်သည်ပဲ
စိတ်ထင်နေ၍လားတော့မသိ ဇူးမြတ်၏မျက်နှာ
ပေါ်တွင် လှောင်ရယ်ချင်နေသော
အရိပ်တချို့တို့ရှိနေလေသည်။
ပြီးနောက် ဇူးမြတ်အားစကားပြောရန်ပြင်လိုက်သော်
တဆစ်ဆစ်ထိုးကိုက်လာသော
ဦးခေါင်းကြောင့်ဂျူဆိုင်းမောင်သည်
ပြောစရာစကားပင်မစလိုက်ရတော့ပါပဲ
သူ၏အမြင်တို့ခဏတာ မှောင်မိုက်သွားလေသည်။

ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)Where stories live. Discover now