ဒီရေတာသို့တမ်းခြင်း
သည်မနက်တွင် တာမှအိပ်စက်နေစဉ်အချို့သော
စကားသံတို့အားကြားလိုက်ရသဖြင့် တာသည်လည်း
အိပ်စက်နေရာမှ နိုးထလာလေသည်။
သည်အိမ်တွင်ရှိနေသူမှာ သူနှင့်ဆန်းနှစ်ယောက်ထဲ သည်ဆိုလျှင် စကားပြောနေသည်မှာ
သူမဟုတ်လျှင်ဆန်းပေါ့၊ထူးဆန်းသည်။
ဆန်းဝံ့ကြယ်ဆိုသည်မှာ ဒီရေတာမှ မခေါ်နိုးမချင်း
အိပ်ယာထတက်သူမဟုတ်။သည်နေ့မှ ထူးထူး
ဆန်းဆန်း အဘယ့်ကြောင့် စောစီးစွာအိပ်ယာ
ထနေရသနည်း။ ပြီးလျှင်လည်း
အဘယ်သူနှင့် ကြာရှည်စွာဖုန်းပြောနေသနည်း။တာသည်အိပ်နေရာမှထလာကာ
အနားရှိဖုန်းအားလှမ်းယူလိုက်ကာ အချိန်အား
ကြည့်လိုက်ရာ၆နာရီသာရှိသေးသည်။
အလွန်ပင်စောလွန်းလှသည့်အချိန်၊သည်ကဲ့သို့
အချိန်မျိုး၌ ကိစ္စမရှိပါပဲဆန်းတယောက်
နိုးထနေသည်မှာ မဖြစ်နိုင်။တာသည်လည်း အိပ်ယာမှနိုးထ၍ မျက်နှာသစ်
ရန်ဦးတည်သွားနေစဉ် တစ်စတစ်စကျယ်လောင်
လာသည့်စကားသံတို့ကြောင့် တာမှ မထင်မှတ်ပါပဲ
နားထောင်မိသွားလေသည်။ကြည့်ရသည်မှာ
ဆန်းနှင့်တစုံတယောက်အချေအတင်ဖုန်းပြောနေ
ပုံပင်။ပြီးတော့တခုခုအား အဆက်မပြတ်
အငြင်းပွားနေကြသည့်ပုံစံ။""ဖေ ကျွန်တော်မလုပ်ချင်ဘူးဗျာ""
""........""
""ဟာ ဖေကလဲ မရဘူးဗျာ..မလုပ်ဘူး အဲ့ဒီလူက
ဇာတ်တူသားစားတဲ့ဂေးကြီးဗျ ပြီးတော့လဲ
ပေါင်းသင်းရခက်တဲ့လူစားမျိုး..ဖေနော် ကိုယ့်သားကို
အဲ့လိုလူလက်ထဲ ထည့်ပေးပြီး ရောင်းစား
ရက်လို့လားဗျာ""""....""
""ရောင်းစားနေတာပဲကို""
""........""
""ဖေ..ဖေ ဟာဗျာ ဖေကတော့လုပ်ပြီး""
ဖုန်းပြောနေသည်မှာ ဤမျှနှင့်ရပ်သွားလေသည်။
ကြည့်ရသည်မှာ ဆန်းသည်အလွန်ပင်စိတ်ရှုပ်နေ
ပုံပင်။မဖြီးသပ်ရသေးသည့်ဆံသားတို့အား လက်ငါးချောင်း
လုံးထိုးထည့်လျက် ဖွပစ်လိုက်လေသည်။
တာသည်လည်း ဆန်း၏ပြသနာအား
သိလိုသဖြင့်တံခါးအားသုံးချက်ဆင့်
ခေါက်ကာအသံပြုလိုက်လေသည်။ထိုအခါမှသာ
ဆန်းသည်လည်း သတိပြန်ဝင်လာတော့သည်။
YOU ARE READING
ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)