အပိုင်း(၃၄)

90 5 0
                                    

ဒီရေတာသို့တမ်းခြင်း

ခြံအကျယ်အဝန်းအားကြည့်လိုက်သည်နှင့်
အလွန်ပင်ကျယ်ပြောကာထိုခြံအတွင်း၌ဆောက်
လုပ်ထားသည့် ၃ထပ်တိုက်အိမ်ကလေးသည်
ခြံတခါးပေါက်ဝနှင့် လွန်စွာမျှကွာဝေးလှသည်။
​အပန်းဖြေအနားယူ၍ရသည့် ရေကူးကန်တကန်အား
ဆောက်လုပ်ထားကာ ထိုရေကူးကန်အနီး
၌ပန်းဥယျာဉ်အသေးစားလည်း စိုက်ပျိုး
ထားသေးသည်။

ဖခင်ဖြစ်သူမှာ ထိုင်းနိုင်ငံတွင်သာနေထိုင်ပြီး
တခါတရံ အိမ်သို့ပြန်လာကာသားဖြစ်သူနှင့်
အဖော်ပြုနေထိုင်ပေးတက်သည်။နောက်ပိုင်းတွင်
ဖခင်ဖြစ်သူမှာ သူ၏လုပ်ငန်း
ကိစ္စများအားလုံးအား ထိုင်းနိုင်ငံသို့ပြောင်းရွေ့ကာ
သားဖြစ်သူအားလည်း ဆယ်တန်းအောင်စာရင်း
ထွက်ပြီးသည်နှင့် ထိုင်းနိုင်ငံသို့လိုက်လာရန်
ဖခင်ဖြစ်သူမှ သေချာမှာထားလေသည်။

ဆယ်တန်းအောင်စာရင်းထွက်ပြီးခါစ
မိုးရာသီဖြစ်သည်မို့..မိုးများတဖြိုင်ဖြိုင်ရွာသွန်းအပြီး
နောက်တနေ့တွင်မူ ယမြန်နေ့တွေက သူ..မရွာခဲ့
သည့်အတိုင်း ရာသီဥတုမှာစိမ်းလန်းစိုပြေလျက်
ရှိနေသည် ။

နေ့ပေါင်းများစွာ ဆက်တိုက်မိုးရွာသွန်းခဲ့ရာမှ
ယနေ့တွင်တော့ နေအပူရှိန်ရကာ လေပြေလေညင်း
များဝဲတိုက်လျက်ရှိသည့် မနက်ခင်းလေးမှာ
သာယာလျက်ရှိနေပါသည်။

၃ထပ်တိုက်အိမ်အတွင်းရှိ ရေကူးကန်၏ဘေးတွင်
ဆောက်လုပ်ထားသော အပန်းဖြေဇိမ်ခံကုတင်
ပေါ်တွင်မှောက်ရက်လှဲကာ နေပူစာလှုံနေသော
ကောင်လေးတယောက်မှာ အခြားကောင်လေး
တယောက်မှစိုးရိမ်ပူပန်သောကများနေသည့်
အကြည့်တို့နှင့် ထိုဇိမ်ခံကုတင်ပေါ်တွင်သာ
တင်ပါးလွဲထိုင်နေသည်အား မြင်သော်
သူသည် မှောက်အိပ်နေရာမှ
ထလာပါသည်။

ထိုကောင်လေးနှစ်ယောက်လုံးသည်သိပ်မကြာခင်က ထွက်ရှိလာခဲ့သည့်အောင်စာရင်းများအနက်
ဆယ်တန်းအားဖြေဆိုအောင်မြင်ထားပြီဖြစ်ကြောင်း
သက်သေပြထားသည့်တက္ကသိုလ်တက်တော့မည့်
ကျောင်းသားလောင်းများဖြစ်သည့်
ဒီရေတာနှင့်ခွန်ဇေ။

ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)Donde viven las historias. Descúbrelo ahora