ဒီရေတာသို့တမ်းခြင်း
အရေးပေါ်ခွဲစိတ်ခန်းရှေ့တွင် ရှိနေကြသည့်
သူများမှာ သောကအပြည့်နှင့်ပြည့်နက်နေလျက်
ခွဲစိတ်ခန်းဝင်နေသည့်သူအား အန္တာရာယ်မှဖြတ်
ကျော်နိုင်စေရန်အဖို့ ဆုတောင်းရုံမှလွဲ၍
မည်သည့်တစုံတရာမျှတက်စွမ်းနိုင်ခြင်းမရှိ။ခွဲစိတ်ခြင်းပြုလုပ်နေသည်မှာ ၂နာရီခန့်ကြာမြင့်ပြီ
ဖြစ်သော်လည်းယခုအချိန်ထိ ခွဲခန်းထဲမှ
ဆရာဝန်များမှာ ထွက်မလာသေးသဖြင့်
လူနာ၏အခြေနေကိုလည်းမသိရသေး..ခွဲခန်းဝင်နေသည့်လူနာမှာ မြတ်နိုးမိုင်ဖြစ်ပြီး
သူမသည်ရုတ်တရက်ဖြစ်သွားသည့်
ကားaccidentကြောင့် ယခုကဲ့သို့ဆေးရုံတွင်
အရေးပေါ်ခွဲစိတ်ကုသနေရခြင်းဖြစ်သည်။
သူမသည်ကားမောင်းကျွမ်းကျင်သူမဟုတ်ပါ
သော်လည်း သည်မနက်ခင်းအစောပိုင်းတွင်
ကိုယ်တိုင်ကားမောင်းကာ သူမ၏ခင်ပွန်း
လောင်းဖြစ်သည့်ကိုဆတ်ထံသို့လာရာမှ
ဤသို့ အကြောင်းမသင့်စွာဖြင့်ကံမကောင်းကာ
accidentဖြစ်သွားခဲ့ရခြင်းပင်။ခွဲစိတ်ခန်း၏ရှေ့တွင်ရှိနေသည့် လူနာစောင့်ခုံတန်း
ပေါ်တွင်ထိုင်နေကြသူများမှာ မြတ်နိုးမိုင်၏
မိဘနှစ်ပါးဖြစ်ပြီး သမီးဖြစ်သူအားလွန်စွာပင်
စိုးရိမ်နေဟန်ပင်..ဖခင်ဖြစ်သူမှာလည်း
စိတ်သောကရောက်ကာ မိခင်သည်လည်း
ငိုကြွေးလျက် သမီးဖြစ်သူ၏အခြေနေအား
စိတ်ပူလျက်ရှိနေသည်။ထိုခွဲစိတ်ခန်းရှေ့တွင် စိုးရိမ်သောကရောက်နေ
ရသည်မှာမြတ်နိုးမိုင်၏မိဘနှစ်ပါးပင်မကပါပဲ
အခြားသောသူလည်းကျန်ရှိနေသေးသည်။
ထိုသူမှာ ဆန်းဝံ့ကြယ်နှင့်ခေါင်ထက်ပင်ဖြစ်သည်။ဆန်းသည်မနက်ခင်းအစောပိုင်းထဲက
မိုင်လေး၏ကားaccidentဖြစ်သွားသည့်သတင်း
အားကြားလိုက်ရသည်နှင့်တပြိုင်နက်
တာမှပြင်ဆင်ထားပေးသည့်မနက်စာပင်
စားသောက်ခြင်းမရှိတော့ပါပဲ ဆေးရုံသို့
အပြေးလာခဲ့လေသည်။သူရောက်လာသည့်အချိန်တွင် မိုင်လေးမှာ
ခွဲခန်းဝင်နေပြီးဖြစ်သည်။သူ့အားစိတ်ငြိမ်ငြိမ်
ထားရန် ခေါင်ထက်မှစကားဆိုလာသော်လည်း
သူမည်မျှစိုးရိမ်ပူပန်နေမိကြောင်းသူသာလျှင်
သိသည်။ကျေးဇူးပြု၍ မိုင်လေးအား
လူ့လောကထဲမှဖြစ်စေ၊သူ့ဘဝထဲမှဖြစ်စေ
ခေါ်ထုတ်မသွားကြရန်သာ သူအကြိမ်ကြိမ်
ဆုတောင်းနေမိသည်။
VOCÊ ESTÁ LENDO
ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)