အပိုင္း(၁၉)

118 10 2
                                    

ဒီရေတာသို့တမ်းခြင်း



ဟာသရုပ်ရှင်အား ကြည့်ရန်ရွေးချယ်ခဲ့သည်မှာ
တာသည်ဆန်းနှင့်အတူ တခါလောက် စိတ်လွတ်၊
ကိုယ်လွတ် ရယ်ဖူးချင်သောကြောင့်သာဖြစ်သည်။
တာစဉ်းစားထားသည်က ဆန်းနှင့်အတူ
ဟာသရုပ်ရှင်အားကြည့်ကာ အဝရယ်မောပစ်လိုက်
မည် ။ပြီးလျှင်ရုပ်ရှင်ပြီးသည်နှင့် ထိုအကြောင်းအား ပြန်ပြောကာ ထပ်၍ရယ်မောကြအုံးမည်။

အင်းး.စိတ်ကူးထားလျှင် လက်တွေ့နှင့်လွဲတက်
သည်မှာ အမှန်ဖြစ်မည်ထင်သည်။

ရုပ်ရှင်ကြောင့် အများသူငှါရယ်မော
နေချိန်တွင် တာသည် စိတ်လေးလံနေရသည်။
သူ၏စိတ်သည်ရုပ်ရှင်ထဲတွင် ရှိမနေပါပဲ
အတွေးများပြန့်လွင့်နေလေသည်။
ဆန်းနှင့်အတူစားရန် ဝယ်ထားသည့်ပေါက်ပေါက်မှာ
လည်း တဝက်ပင်မကုန်လိုက်။နှစ်နာရီနီးပါး
ကြာမြင့်သည့်ရုပ်ရှင်ပြီးမြောက်သွားချိန်
တွင် ရုပ်ရှင်ကြည့်ရှုသူအပေါင်းတို့မှာ
အပေါင်းဖော်နှင့်လာသူများသာဖြစ်၍
ထိုရုပ်ရှင်အကြောင်းအား ရယ်မောကာ
ပြန်ဆိုကြသူလည်းရှိသည်။

တာမှ လက်ကောက်ဝတ်တွင်ပတ်ထားသည့်နာရီအား တချက်ကြည့်လိုက်ရာ ည၇နာရီပင်ထိုးတော့မည်။
ထို့ကြောင့်လည်း ဆန်းထံဖုန်းလိုက်လေသည်။

""လူကြီးမင်းခေါ်ဆိုသောဖုန်းနံပါတ်မှာ
စက်ပိတ်ထားပါသဖြင့်.......""

စက်ပိတ်ထားသည်တဲ့ ဖုန်းအားကုန်သွား၍လား။
သို့မဟုတ် ဖုန်းအားသွင်းထား၍လား။
ဆန်းသည်ဖုန်းအားသွင်းလျှင် စက်ပိတ်ထား
တက်သည့်အကျင့်ရှိသည်။သည်ဆို သူ့ဘာသာသူ
ပြန်လိုက်ရမည်လား။

ဒီလိုလဲမဖြစ်သေး။ဆန်းမှသူ့အားပြန်လာ
ကြိုမည်ဟုကျိန်းသေပြောသွားခဲ့သည်။
အကယ်၍များသူပြန်သွားစဉ် ဆန်းရောက်လာခဲ့
ပါက သူနှင့်လမ်းလွဲသွားပေလိမ့်မည်။

ဆန်းလာခေါ်မည်အားစောင့်နေရင်းမှ တာသည်
ဟိုတွေးသည်တွေးနှင့်အချိန်မှာည၈နာရီပင်
ထိုးနေလေပြီး။ည၈နာရီအားပြသမည့်ရုပ်ရှင်
ကိုကြည့်ရန် နောက်ထပ်သော လူတသုတ်သည်
လည်းရုပ်ရှင်ရုံအတွင်းသို့ ရောက်ရှိလာကြလေပြီး။

ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)Where stories live. Discover now