အပိုင်း(၃၃)

89 5 0
                                    

ဒီရေတာသို့တမ်းခြင်း

ဖုန်းအားတချက်ချက်ဖွင့်ကာဖုန်းscreenအားအခါခါ
ကြည့်မိသည်မှာလည်းဘယ်နှကြိမ်မြောက်ပင်
ဖြစ်နေပြီမှန်းမရေတွက်မိတော့။ဖုန်းဝင်လာသည်
ထဲမှဆန်းထွက်သွားသည်မှာ ကြာချိန်အားဖြင့်၃နာရီ။ည၁၂နာရီကျော်လွန်ကာ နေ့တနေ့၏နေ့သစ်ပင်
တဖန်ပြန်စလာပြီးဖြစ်သည်။

ပုံမှန်ဆိုလျှင်ဆန်းမှာအိမ်ပြန်မအိပ်ဖြစ်ပါပဲ
အပြင်တွင်အိပ်မည်ဆိုလျှင်လည်း
တာအား အမြဲလိုလိုဖုန်းဆက်အကြောင်းကြား
လေ့ရှိသည်။ယခုမှာမူ ဆန်းသည်ဖုန်းလည်း
မဆက်လာပါပဲဖုန်းဆက်ပြန်တော့လည်း မကိုင်သဖြင့်
ဒီရေတာမှာ အိမ်ပြန်မလာသေးသူအား
စိုးရိမ်စိတ်အပေါင်းတို့ဖြင့်
အိပ်၍မပျော်နိုင်ပါပဲထမင်းစားစားပွဲခုံနားတွင်
အိမ်ရှေ့တံခါးဝအားမျက်နှာမူ၍ ထိုင်နေလေသည်။

ဘေးနားတွင်လည်းသူ့အားအဖော်ပြုပေးရန်အဖို့
ဆန်းဝယ်ပေးထားသည့်ပိုလာဝက်ဝံရုပ်ကြီးအား
လည်း သူ့အနားရှိခုံပေါ်တွင်ထိုင်စေကာ
သူ့အားအထီးမကျန်ရလေအောင် အဖော်ပြုစေလေ
သည်။

ယနေ့ညမှလည်း မပျက်စဖူးမီးပျက်သွားသဖြင့်
တာသည် ဖယောင်းတိုင်မီးမိန်မိန်လေးသာထွန်း
ထားကာ ကြောက်စိတ်အနည်းငယ်ရှိနေသော်
လည်း ဆန်းပြန်မလာသည်ကပဲပို၍ပင်
စိတ်ပူမိ၍ဆန်းပြန်လာမည့်အချိန်ကိုသာ
စောင့်နေရင်းဖယောင်းတိုင်မှာ
တတိုင်ပြီးတတိုင်ကုန်သာသွားလေသည်။

တာသည် မထူးတော့သည့်အဆုံး
သူ့လက်ထဲတွင်ကိုင်ထားဆဲဖြစ်နေသော
ဖုန်းအားယူဖွင့်လိုက်ကာသူနားအထောင်ဖြစ်ဆုံးသော
သီချင်းဖြစ်သည့် Keum Jo၏lightသီချင်း
အား သူကြားရရုံအသံနုန်းသာထားကာ
ဖွင့်ထားလိုက်ပြီး repeatလုပ်ထားလိုက်
သည်။

သီချင်းမှာ ကိုးရီးယားသီချင်းဖြစ်သော်လည်း
ထိုသီချင်းအား မြန်မာဘာသာပြန်ဖြင့်တာနားဆင်
ခဲ့ဖူးသည့်အတွက် အဓိပ္ပါယ်လည်း
သိနေသဖြင့်တာမှ ထိုသီချင်းအား
နားထောင်ကာဆန်းပြန်လာသည်အထိဆက်
စောင့်နေမည်ဟုသာတေးထားလိုက်သည်။

သီချင်းဖွင့်ထားလိုက်ပြီး စက္ကန့်ပိုင်းပင်မကြာလိုက်
တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်
အနေအထား၌ ဂျီ..ဂျီ..ဟူသောတံခါးဖွင့်သံအား
တာကြားလိုက်ရသဖြင့် ဆန်းပြန်လာပြီမှန်း
သေချာသောကြောင့် တာသည်
သီချင်းဖွင့်ထားလျက်စဖုန်းအား စားပွဲခုံပေါ်တွင်
တင်ထားလိုက်ကာအိမ်ထဲဝင်လာပြီဖြစ်သော
ဆန်းအား ကြိုရန်အဖို့တံခါးဝနားသို့ အပြေးသွား
လေသည်။

ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)Donde viven las historias. Descúbrelo ahora