အပိုင်း(၃၈)

85 3 0
                                    

ဒီရေတာသို့တမ်းခြင်း

သည်မနက်တွင် ဂျူဆိုင်းမောင်သည်
နက်ပြာရောင်အင်္ကျီလက်ရှည်အား
ကြယ်သီးစေ့တပ်ထားကာ အမည်းရောင်
pantနှင့်တွဲဖက်ထားလေသည်။ပြီးလျှင်လည်း
​စီးနေကျshoeဖိနပ်အနက်အား ထုတ်စီးကာ
သပ်သပ်ရပ်ရပ်ပြင်ဆင်ထားလေသည်။

အကြောင်းရင်းကရှင်းပါသည်။
သူ့အားအချိန်ပြည့်ရှောင်ဖယ်နေခဲ့သည့်
မိုးမှာ သူနှင့်တွေ့ဆုံကာ စကားဆိုချင်သည်ဟု
စူးစူးမြတ်မှတဆင့် စကားဆိုလာ၍ မိုးနှင့်တွေ့
ရန်အဖို့ ဂျူဆိုင်းမောင်သည်အပြင်သို့ထွက်ရန်
ပြင်လေသည်။

ဇူးမြတ်သည် အပြင်သို့ရောက်နှင့်နေပြီးဖြစ်သည်။
ယခုအချိန်တွင် ဇူးမြတ်ထံသွားရုံသာ
ကျန်တော့သောကြောင့် ဂျူဆိုင်းမောင်
သည် စိတ်အားတင်းလျက် သူ၏စိတ်အား
ပြင်ဆင်ကာ အိမ်ထဲမှထွက်လာလေသည်။

အိမ်ထဲမှအထွက် အခန်းထဲမှထွက်လာသည့်
စူးစူးမြတ်နှင့်ထိပ်တိုက်တွေ့ဆုံသွားလေသည်။

""ဟာ..ကိုဆိုင်း သေသေချာချာကိုပြင်ဆင်ထား
ပါလား ဘယ်သွားမလို့လဲ""

""အပြင်ခဏသွားမလို့ မိုးရော""

""ကိုကိုအပြင်ထွက်သွားတာကြာပြီး..
သူ့ကိုလူတယောက်လာခေါ်တာ
သူငယ်ချင်းဆိုလို့ မေမေကသွားခွင့်ပြုလိုက်တာ""

စူးစူးမြတ်ဆိုလာသည်အား ဂျူဆိုင်းမောင်
မှနားလည်ဟန် ခေါင်းငြိမ့်ပြလိုက်လေသည်။
ပြီးနောက်အပြင်သို့ထွက်သွားရန်ပြင်စဉ်
စူးစူးမြတ်မှ ဆက်၍

""ကိုဆိုင်းအပြင်သွားမယ်ဆိုရင် ထီးယူသွားနော်
ဒီနေ့မိုးရွာမယ်တဲ့ သတင်းမှာလာတာ""

""ရပါတယ် မိုးရွာချရင်လဲ ကိစ္စမရှိပါဘူး""

ဆိုကာ ဂျူဆိုင်းမောင်သည် သူ့အတွေးနှင့်သူ
ပြည့်နက်လျက် အပြင်သို့ထွက်လာလေ
သည်။

ချိန်းဆိုထားသည့်နေရာအား ရောက်လာ
သော် စားသောက်ဆိုင်တခု၏အပြင်ဘက်
တနည်းပြောရလျှင် ဆိုင်သည် တဖက်ပိတ်မှန်
ဖြစ်သဖြင့် ဆိုင်ထဲမှလူမှာ အပြင်မှ
လှုပ်ရှားသွားလာမှာ မှန်သမျှအား
အထင်းသားမြင်တွေ့ရလေသည်။အပြင်မှလှုပ်ရှား
သွားနေကြသူများမှာမူဆိုင်ထဲရှိလူအများ၏
လှုပ်ရှားမှုအားမတွေ့မြင်နိုင်ပါ။

ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)Tempat cerita menjadi hidup. Temukan sekarang