အပိုင္း(၄)

147 9 6
                                    

ဒီရေတာသို့တမ်းခြင်း

မြတ်နိုးမိုင်ဆိုသည်မှာ ဆန်းဝံ့ကြယ်ဆိုသည့်သူ
ချစ်ရသော မိန်းကလေး ဖြစ်ပြီးအထက်တန်းထဲမှ
သူမတယောက်ထဲသာချစ်မြတ်နိုးလာခဲ့ရာ
အထက်တန်းမပြီးခင်သူမအားဖွင့်ပြောခဲ့သော်လည်း
သူမဘက်မှ လက်မခံနိုင်ဟုပြတ်သားစွာ
ငြင်းလာခဲ့သည်။

ပြီးသည်နှင့် သူမသည် ဆန်းအားအမြဲလိုလိုပင်
မတွေ့မခံပါပဲရှောင်ဖယ်နေလေ့ရှိသည်။
ထိုစဉ်အခါကသူတို့၏ဘဝထဲတွင်
ဒီရေတာနှင့် ခွန်ဇေ မဝင်ရောက်လာသေး။

ဆန်းသည် သူမ၏အတွေ့မခံမှုအား
လက်မခံနိုင်ကာနောက်ဆုံးသူမယုံကြည်စေရန်
တက္ကသိုလ်ပထမနှစ်တွင်ပင် ဆန်းရည်းစား
စထားခဲ့သည်။

ထိုအခါမှ ဆန်းအားမိုင်လေးမှစကားပြန်ခေါ်
ပြောလာခဲ့သည်။

အစက ရည်းစားအတည်တယောက်ထားရန်
စဉ်းစားခဲ့သော်လည်းသူ၏ရည်းစားထက်
မိုင်လေးအား အလေးပေးနေမိသဖြင့်
တဖက်မှ လက်မခံနိုင်ရာမှ စကားများကာ
လမ်းခွဲခဲ့ရလေသည်။ဆန်းသည်သူ၏ချစ်သူ
နှင့်လမ်းခွဲပြီးသော် မြတ်နိုးမိုင်သည်လည်း
ဆန်းအားသိသိသာသာပင်ပြန်ရှောင်သွား
လေသည်။

အကြောင်းရင်းအားဆန်းသေချာနားမလည်သော်
လည်းသူသေချာသိထားသည်တစ်ခုက မြတ်နိုးမိုင်
ဆိုသည့်သူမသည်ဆန်းဝံ့ကြယ်ဆိုသည့်သူ့အား
သူငယ်ချင်းသံယောဇဉ်ထက်ပို၍မရှိဟူသည့်
အချက်အား ဆန်းသည်မျော်လင့်ချက်အနည်းငယ်
အနက်မှထိုအချက်အားလက်ခံထားလိုက်ရ
လေသည်။

ထို့ကြောင့်ဆန်းသဘောပေါက်သွားသည်မှာ
မြတ်နိုးမိုင်ဆိုသည့်သူမ၏အနားတွင် ဆက်၍
နေလိုပါက ဆန်းအဖို့ ချစ်သူရည်းစားထားမှ
ဖြစ်မည်။

မဟုတ်လျှင်လည်း သူ၏ခံစားချက်အားဖုံးကွယ်ကာ
သူငယ်ချင်းကဲ့သို့သာ အဖြူထည်အတိုင်း
နေရမည်ဖြစ်သည်။

အတိတ်သို့မည်မျှပင်အတွေးများပျံ့လွင့်သွား
သည်မသိ။အပြင်မှ တယောက်ယောက်
ကားတံခါးလာခေါက်မှသာ ဆန်း အသိပြန်ဝင်
လာလေသည်။

ပြီးနောက်တံခါးလာခေါက်သည့်သူအား
ကြည့်လိုက်ရာ သူတဖက်သတ်
ချစ်မြတ်နိုးရသည့်သူမ မြတ်နိုးမိုင်။

ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)Tempat cerita menjadi hidup. Temukan sekarang