အပိုင်း(၂၇)

111 11 0
                                    

ဒီရေတာသို့တမ်းခြင်း



မောင်ဟုအမြဲခေါ်လေ့ရှိသောဂျူဆိုင်းမောင်သည်
အမှန်တကယ်ဆိုရလျှင်ဇူးမြတ်ထက်၁နှစ်ကျော်
သာငယ်လေသည်။ဂျူဆိုင်းမောင်သည်
တဦးတည်းသောသားဖြစ်သည့်အလျောက်
ငယ်စဉ်ကတည်းက အပေါင်းသင်းများ
စွာမရှိ၍ သူ့အနားတွင်အမြဲတစေအဖော်ပြုပေး
ခဲ့သောဇူးမြတ်အား အကိုအရင်းတယောက်အသွင် သတ်မှတ်ကာ သံယောဇဉ်တွယ်ငြိခဲ့လေသည်။
ထိုစဉ်ကဂျူဆိုင်းမောင်မှာအသက်အရွယ်အားဖြင့် ၁၁နှစ်သာရှိသေးသည်။

မောင်နှင့်ပထမဆုံးစတွေ့ချိန်ကမောင်သည်အသက်
၁၁နှစ်ရှိရာ ဇူးမြတ်သည်အသက်၁၂ထဲ
ဝင်၍၁၃နှစ်ထဲပင်ရောက်လာပြီးဖြစ်သည်။
ထိုစဉ်က မောင်သည်ဇူးမြတ်ထက်ပင်အနည်းငယ် အရပ်ပုနေခဲ့သည်။လူကောင်လဲ ဇူးမြတ်
ထက်ပို၍သေးငယ်သည်။ဂျူဆိုင်းမောင်၏မိဘ
များမှာ နိုင်ငံခြားတွင်သာ၊ဂျူဆိုင်းမောင်၏
အသက်၁၁နှစ်အရွယ်တွင် ထိုသို့အတည်တကျ
နေထိုင်ကြမည်ဖြစ်၍သားဖြစ်သူအား ပညာရေး
တပြတ်တတောက်မဖြစ်ရစေရန်
မိဘများမှာ အရင်းနှီးရဆုံးသော
မိတ်ဆွေဖြစ်သည့် ဇူးမြတ်၏မိဘများထံတွင်
မောင်အား စိတ်ချစွာ အပ်နှံခဲ့လေသည်။

မောင်သည်လွန်စွာအပေါင်းသင်းနည်းလှသည်။
အရင်းနှီးရဆုံးသောအပေါင်းသင်းပင်
သူ့ဘဝတွင်မရှိဖူးခဲ့။ထို့ကြောင့်လည်းမောင်သည်
သူနှင့်စတွေ့စဉ်က ဂျစ်ကန်ကန်
နှင့်အနည်းငယ်ကလန်ကဆန်ဖြစ်ချင်ခဲ့သည်။
သို့သော်လည်းဇူးမြတ်သည် မောင်အားစတွေ့
သည့်နေ့ထဲမှစ၍မောင်အားဂရုစိုက်ပေးချင်ခဲ့သည်။
ညီတယောက်သဖွယ်သွန်သင်လမ်းပြပေးချင်
ခဲ့သည်။

ဇူးမြတ်ထံတွင် ညီမလေးတယောက်ရှိသော်လည်း
မွေးစထဲကနှလုံးရောဂါအခံပါလာသည့်အတွက်
သမီးမိန်းကလေးချစ်သူဇူးမြတ်၏မိဘနှစ်ပါး
သည်လည်းအချိန်ပြည့် အိမ်နှင့်ဆေးရုံ
ပြီးလျှင်လည်း ညီမလေးဖြစ်သူကိုသာ
ဦးစားပေးဂရုစိုက်နေခဲ့ကြသဖြင့် ဇူးမြတ်သည်
မိဘများထံမှမေတ္တာငတ်မွတ်ခဲ့ရသည့် အချိန်များ
စွာလဲရှိခဲ့ဖူးသည်။

သူ၏အထီးကျန်ဆန်မှုများအား သူ့အိမ်တွင်
ကောင်လေးတယောက်ရောက်လာသည့်
အချိန်မှစ၍ သူစတင်အထီးမကျန်မိတော့သကဲ့သို့
ခံစားခဲ့ရသည်။သူ၏ပျင်းရိလှစွာသောအချိန်များတွင်
ထိုကောင်လေးအားအဖော်ပြုဖြစ်သည်။
မောင်သည် မိဘများနှင့်ခွဲခွာရစဉ်က အလွန်ပင်
ငယ်လွန်းလှသေးသည်။ထို့ကြောင့်လဲ အနည်းငယ်
ဂျစ်ကန်ကန်ဖြစ်နေရခြင်း။

ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)Onde histórias criam vida. Descubra agora