အပိုင္း(၈)

132 10 0
                                    

ဒီရေတာသို့တမ်းခြင်း

ဆန်းပြန်ရောက်လာသည်မှာထင်ထားသည်ထက်ပင်
ပို၍နောက်ကျလှသည်။မနက်ထဲမှထွက်သွားသည်မှာ
ည၆နာရီထိုးခါနီးမှသာ ပြန်ရောက်လာ
လေသည်။

""မင်းပြန်လာပြီးလား""

ကြည့်ရသည်မှာ တာသည် ဆန်းပြန်လာမည်အား
တံခါးဝနားတွင်နေ၍စောင့်နေခဲ့ပုံပင်။
ဆန်းပြန်ရောက်လာသည်နှင့် တာသည် ဆန်းအနားသို့
တိုးကပ်သွားကာ ဆန်းအား ကြိုဆိုလေသည်။

""မင်း...ဟုတ်သားပဲ မင်းအခုငါ့အိမ်မှာရောက်
နေတာ ""

ဆန်းသည်သူ၏ဦးနောက်ထဲ၌မြတ်နိုးမိုင်ဆိုသည့်
သူမ မှလွဲသည့်မည်သည့်အရာမျှ ထည့်ထားသည်
မထင်။

ယခုလည်း သူ၏နေအိမ်ခန်းတွင် တာရှိနေ
သည်အားမေ့ကာတာ့ထံမှ ကြိုဆိုစကားကြားမှ
သာလျှင် ဆန်းသတိဝင်လာလေသည်။

အင်းးးအိမ်ပြန်လာတဲ့အချိန် ဒီလိုမျိုးတစုံ
တယောက်ကစောင့်နေပြီး ကြိုဆိုနေတာလေးက
နွေးထွေးလိုက်တာ။

ဆန်းပင် မိဘအိမ်မှ ခွဲထွက်လာမိသည်အား
ခဏတာမျှပင် နောင်တရချင်သွားလေသည်။

""တာ မင်းငါ့ကိုစောင့်နေတာလား""

""အင်း မင်းညစာစားပြီးပြီးလား""

""မစားရသေးဘူး""

""ဒါဆိုလာထိုင်လေ..အတော်ပဲ ငါမင်းအဖို့ညစာ
ပြင်ထားတယ်""

တာသည်ဆန်း၏လက်ကောက်ဝတ်အား
ဆွဲလာကာထမင်းစား စားပွဲခုံ၌ဆန်းအား
ထိုင်စေသည်။ဆန်းသည် သူ့ရှေ့ရှိ
ညစာပြင်ဆင်ထားမှုလေးအားကြည့်ရင်း အံ့သြမိ
ပါသည်။မိဘအိမ်မှခွဲထွက်လာသူအဖို့ အိမ်ထမင်း၊
အိမ်ဟင်းအား မစားရသည်မှာနှစ်ပင်ကြာခဲ့လေပြီး
မလား။

""ငါမင်းအတွက် ညစာချက်ထားတာ
သုံးထပ်သားကြော်ရယ်၊ချဉ်ပေါင်ဟင်းချိုလေးရယ်
ခရမ်းသီးနှပ်လေးရယ်၊ငါမြေပဲမထည့်ထားဘူး
မင်းမြေပဲမစားမှန်းသိလို့ ပြီးတော့ ပုစွန်ထုပ်...
ဆန်း မင်းသိလား..ဒီနေ့ဈေးဝယ်ထွက်တာလေ
ပုစွန်ထုပ်တွေအကြီးကြီးပဲ..ဒါနဲ့ငါလည်း
ထားစားရအောင်ဝယ်လာတာ ကျန်သေးတယ်
တို့ဟူးကြော် အများကြီးတော့
မချက်ထားရဘူး...မကုန်ရင်နှမြောစရာကြီး""

ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)Wo Geschichten leben. Entdecke jetzt