ဒီရေတာသို့တမ်းခြင်း
သည်နေ့အဖို့မနက်ခင်းလေးမှာ ဒီရေတာထံ၌
သာမာန်ထက်ပို၍ထူးခြားနေသည်မှာ မည်သည့်
အကြောင်းကြောင့်နည်း။ရုတ်တရက်အိပ်ယာပြောင်းသွား၍လား။သို့မဟုတ် အတူရှိချင်နေသော
သူနှင့်အိမ်ခန်းတခုထဲ၌ အတူအိပ်စက်
ရ၍လား။မည်သို့ပင်ပြောနေပါစေ၊
ဒီရေတာသည် ယခုမှရင်းနှီးစပြုနေသည့်
အိပ်ယာနှင့်တော့ ဘယ်လိုမှနေသားမကျသေး
သဖြင့်ဆက်၍အိပ်စက်လျှင်လည်း တရေးထပ်
မရနိုင်တော့သဖြင့် နိုးလက်စနှင့် အိပ်ယာထ
လိုက်လေသည်။ဆန်း၏တိုက်ခန်းသည် တိုက်တစ်ခန်းစာဟုသာ
ဆိုသည်၊အမှန်တကယ်ဆိုရလျှင်
နာမည်ရှိhotelတခု၏အခန်းဖွဲ့စည်းပုံနှင့်
ဆင်တူသည်။ရေချိုးခန်း၊အိမ်သာအား
သီးသန့်ဖွဲ့စည်းထားပြီး၊မီးဖိုချောင်ဟူ၍
သီးသန့်နေရာတော့မရှိ၊မထူးဆန်းပါလေ
ဆန်းဆိုသည်မှာ ဘယ်သောအခါကများ
စားသောက်ရန်အဖို့ကိုယ်တိုင်ချက်ပြုတ်ဖူးသနည်း။ဆန်း၏အိမ်ခန်းအား ဒီရေတာမှာ
မကြာခဏရောက်ဖူးသော်လည်းဤသို့အိပ်စက်ဖူး
သည်မှာ ပထမဆုံးပင်။ထို့ပြင်လည်း အိမ်ခန်းအား
အသေးစိတ်ကြည့်ဖူးသည်မှာလည်း ပထမဆုံး
အကြိမ်ဖြစ်သည်။တာသည် အိပ်ယာမှ နိုးထလာပြီးသည်နှင့်
ရေချိုးခန်းတွင် မျက်နှာသစ်၊သွားတိုက်ကာ
အဝတ်စားလဲရန်ပြင်နေလေသည်။တာသည်
ညအိပ်ချိန်တိုင်းအင်္ကျီလက်တိုနှင့်ဘောင်းဘီပွ
အရှည်သာဝတ်၍အိပ်လေ့ရှိသည်။အကျင့်ဖြစ်နေပြီမို့ ဖျောက်ပစ်၍လည်းမရ။
ထို့ကြောင့်လည်း အိပ်ယာထပြီးသည်နှင့်
တနေ့တာအားဖြတ်သန်းရန် အဝတ်စားရွေးချယ်
လေသည်။တာသည်သူ၏စိတ်အခြေအနေအရ
အဝတ်စားအရောင်အားရွေးကာ ဝတ်ဆင်လေ့
ရှိသည်။ဥပမာ မိုးရွာသောနေ့တွင် စိုထိုင်းသည့်အရောင်
နှင့်ဆင်တူသောအရောင်များအား ဝတ်ဆင်လေ့ရှိပြီး
နွေရာသီတွင်အရောင်ဖျော့များကိုသာ
ဝတ်ဆင်လေ့ရှိသည်။ဤသို့သော တာ၏
အကျင့်အား သိသူဆို၍ခွန်ဇေတယောက်တည်း
သာရှိသည်။သည်မနက်မှာ တာစိတ်ချမ်းသာနေသည်
ဟုဆိုရမည်။အပြာရောင် hoddieလက်ရှည်အား
ဝတ်ဆင်ထားကာ ဂျင်းအနက်လေးနှင့်
တွဲဖက်ရမည့်အစား ဘောင်းဘီပွအပြာကွက်ကြား
လေးနှင့် တွဲဖက်ဝတ်မိလေသည်။
YOU ARE READING
ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)