အပိုင်း(၂၉)

108 11 1
                                    

ဒီရေတာသို့တမ်းခြင်း

မနက်မိုးသောက်ရောက်လာသည်နှင့်
ဆန်းသည်လည်းအိမ်ပြန်ရန် ပြင်ဆင်လေတော့သည်။
သည်မနက်မိုးမလင်းခင်ထဲက
မိုးရွာသွန်းနေသည်မှာရပ်စဲသွားပြီးသိပ်မကြာသည့်
အချိန်တွင် ဆန်းနိုးထလာလေသည်။
ဆန်းသည်ပုံမှန်ဆိုလျှင် အစောကြီးနိုးထ
မနေတက်သော်လည်းအိပ်ယာမှာ အသစ်ဖြစ်၍
ထင်သည်။သူ..မအိပ်တက် ထို့ကြောင့်လည်း
အစောကြီးနိုးနေရခြင်း။

အိပ်ယာမှထလာသည်နှင့် ဆန်းမှ
အိမ်ပြန်ရန်ပြင်လိုက်သော်ညဘက်အလုပ်ဂျူတီ
ဝင်နေရသည့် ကိုဆတ်မှာ
မြတ်နိုးမိုင်၏အိမ်သို့ မနက်စောစောရောက်ရှိ
လာလေသည်။အိမ်တံခါးပေါက်ဝတွင်
ဆန်းသည် ကိုဆတ်နှင့်ဆုံပြီး နှစ်ယောက်သား
နုတ်လည်းမနုတ်ဆက်ကြပါပဲ
အသိမှတ်ပြုရုံ အချင်းချင်းခေါင်းငြိမ့်ပြကြကာ
ဆတ်မှ အိမ်ထဲသို့ဝင်သွားကာ တံခါးပိတ်ထား
သော မြတ်နိုးမိုင်၏အခန်းရှေ့ရပ်ကာ
တံခါးခေါက်လိုက်လေသည်။

ဒေါက်ဒေါက်...

""မိုင်လေး ကိုယ်ပါ တံခါးဖွင့်ပေးအုံး""

နှစ်ခါပင်မဆိုရပါပဲ မြတ်နိုးမိုင်သည်
အခန်းထဲမှ တံခါးလော့ဖွင့်ကာ
ထွက်လာလေသည်။ယခုမှအိပ်ယာထပုံပင်
မျက်နှာပင်မသစ်ရသေးပါပဲ
အိပ်ချင်မူးတူးပုံစံဖြင့် ဆတ်အားတွေ့သော်
အသည်းယားဖွယ်အမူအရာလေးနှင့်
ဆတ်ရင်ခွင်ထဲပစ်ချွဲလိုက်လေသည်။

ဤသည်ကိုမြင်နေရသောဆန်းမှာနာကျင်နေသည့်
ကြားထဲမှ ပြုံးယောင်သန်းမိလိုက်သည်။
သူချစ်ရသည့် မိန်းကလေးမှာသူ မဟုတ်သည့်
အခြားသော ယောကျာ်းသားအား သူ့ထက်
သာလွန်စွာ ဦးစားပေး ချစ်သည်မလား။
ဤအရာမှာ နာကျင်ရသည်ဆိုသော်လည်း
အမှန်တရားတွေဖြစ်နေသည်ပဲလေ။

မနေ့ညကလဲ မြတ်နိုးမိုင်အား အဖော်ပြု
စကားပြောပေးကာ ည၂နာရီလောက်အကြာ
မိုင်လေးမှအိပ်မောကျသည်သေချာမှ
တဖက်ဧည့်ခန်းတွင် ဆန်းသွားအိပ်လေသည်။
သို့သော်လည်း ကုတင်ပြောင်းသဖြင့်
တညလုံးအိပ်မရပါပဲလူးလိမ့်နေရင်းနှင့်သာ
မနက်သို့ရောက်လာလေသည်။

ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)Where stories live. Discover now