ဒီရေတာသို့တမ်းခြင်း
အိမ်သို့ပြန်လာသည့်လမ်းတလျှောက်ဆန်းမှာ
အိပ်ပျော်နေ၍ဒီရေတာသည်လည်းကားမောင်း
နေသည်ကိုသာအာရုံစိုက်ထားလေသည်။ညနက်ပြီ
ဖြစ်၍လမ်းမှာတိတ်ဆိတ်ငြိမ်သက်နေလေသည်။
တချက်ချက်သာလျှင်ဖြတ်သန်းသွားလာသည့်
တစ်စီး၊နှစ်စီးသောကားသံအားကြားရလေသည်။ဆန်းသည်လမ်းတလျှောက်အိပ်ပျော်နေရာမှ
ခဏကြာသော်နိုးလာလေသည်။
အရက်များစွာသောက်ထားသည့်အလျောက်
ဆန်းသည်နိုးထလာသည့်အခါမူးဝေနေလေသည်။
ထိုးကိုက်နေသည့်ခေါင်းအားလည်းလက်ဖြင့်ဖိနိပ်
ထားလေသည်။ဤသည်ကိုကားမောင်းနေရင်းမှ တာသတိထား
မိလေသည်။ညာဘက်လက်တဖက်မှ ကားစီယာတိုင်ယာအား
ကိုင်ထားကာ လက်ကျန်ဘယ်လက်တဖက်မှ
ဆန်း၏ပခုံးအားထိကိုင်ပြီး အရှေ့ကားလမ်းမကြီး
အားကြည့်လိုက်၊ဆန်းအားတချက်ချက်ကြည့်လိုက်
နှင့်၊တာ၏မျက်နှာပေါ်တွင်မူးနေသည့်ဆန်းအား
စိုးရိမ်နေသည့်စိတ်အပြည့်။""အဆင်ပြေရဲ့လား ခဏနော် ၁၀မိနစ်လောက်ဆို
အိမ်ပြန်ရောက်ပြီး""ဆန်းမှာ မူးနောက်နေသည့်ခေါင်းအား
ခါရမ်းကာသူ၏လက်တွင်ပတ်ထားသည့်နာရီအား
သေချာစွာစိုက်ကြည့်နေသည်။""၁၁နာရီတောင်ခွဲတော့မှာပဲ၊တာ..ဆိုင်ကိုတချက်
မောင်း""""မင်းမူးနေတယ်လေဟာ..နောက်နေ့မှပေါ့""
""မရဘူးကွာ..မြန်မြန်..နာရီဝက်ပဲကျန်တော့တာ ""
""ဒီအချိန်ဆိုဆိုင်ပိတ်နေလောက်ပြီ""
""မပိတ်ဘူး..ငါသေချာပြောထားတယ်..တာ..
ငါ့မွေးနေ့မှာငါဒေါသမထွက်ချင်ဘူးနော်"တာမှ ဆန်း၏မလိုက်လျောပေးလျှင်မကျေအေး
ပေးတက်သည့်စိတ်အားကောင်းစွာနားလည်
သိနေသူပီပီ၊ဆန်းသွားချင်နေသည့်ဆိုင်အား
ဦးတည်လိုက်လေသည်။၁၅မိနစ်အကြာတွင်ပင်ဆန်းသွားချင်နေသည့်
ဆိုင်သို့ရောက်လာလေသည်။အမူးသမားလေးမှာတော့ တဖက်lover seatတွင်
အခန့်သားထပ်ကာအိပ်ပျော်နေဆဲပင်။
VOCÊ ESTÁ LENDO
ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)