အပိုင်း(၃၉)

88 4 0
                                    

ဒီရေတာသို့တမ်းခြင်း

တစ်လခန့်ကြာပြီးနောက်

အချိန်များမှာ တဖြည်းဖြည်းနှင့်ကုန်ဆုံးလာ
၍ မိုးရာသီပင်ကုန်ဆုံးချိန်တန်နေခဲ့လေပြီး။
သိပ်မကြာခင်အချိန်တွင်မိုးရာသီ၏
ရပ်တန့်ချိန်ရောက်လာတော့မည်ဖြစ်ကာ
ဆောင်းရာသီမှအစားထိုးတဖန် ပြန်လည်
ရောက်ရှိလာတော့မည်ဖြစ်သည်။

တခါတရံသာ ရွာသွန်းလေ့ရှိတော့သည့်မိုးသည်
မကြာခင်အချိန်တွင်ပင် နုတ်ဆက်တော့
မည်မှန်း သိသာလှပါသည်။
သည်ညတွင်လည်း လသာသည်ဟုပဲ
ဆိုရမည်လားတော့မသိ ညအချိန်အခါ
ရောက်နေသည့်တိုင်အောင် လူသွားလမ်း
တွင် လူအများနှင့်ပြည့်နက်နေဆဲ..

ထို့ပြင်လည်း အရွယ်ရောက်လူငယ်များ
ကျက်စားရာနေရာတခုဖြစ်သည့် ကလပ်သည်
လည်း သည်ညအခါမှ သိသိသာသာပင်
ပုံမှန်နေ့ထက်လူများလှလေသည်။

များပြားလှသည့် လူငယ်လူရွယ်များ
သည် dancing floorတွင် ကခုန်နေသူရှိသည်။
ကောင်တာရှေ့ခုံဝိုင်းတွင်ထိုင်ကာ
စကားစမြည်ဆိုနေကြသူရှိသည်။
သောက်စားပျော်ပါးသူများလည်းရှိသကဲ့သို့
အချင်းချင်း မိန်းကလေး ယောကျာ်းလေး
တီးတိုးအထာပေးစကားဆိုနေကြသူများလည်း
ရှိလေသည်။

အဓိကမှာ dancing floorတွင် ကခုန်နေသူများ
အနက် တယောက်အပါဝင်ဖြစ်သည့်
ဆန်းဝံ့ကြယ်ဆိုသူအား ကျန်ရှိသူ
သူငယ်ချင်းများဖြစ်သည့် ဒီရေတာ၊ခေါင်ထက်၊
ခွန်ဇေတို့မှာ အနီးနားရှိ ခုံဝိုင်းတွင်ထိုင်ကာ
ဆန်း၏ယခုအခြေနေအား စိုးရိမ်သဖွယ်
ကြည့်နေကြလေသည်။

ထိုdancing floorတွင် ဆန်းဝံ့ကြယ်တယောက်
ကခုန်နေသည်မှာ တနာရီနီးပါးမျှ ကြာမြင့်ခဲ့လေ
ပြီး။djနှင့်ကခုန်သကဲ့သို့ သီချင်းဆွေးဆွေး
လေးနှင့်လည်း သံစဉ်အတိုင်းမြောပါကာ
အနီးနားရှိ သူနှင့်အတူကခုန်နေသည့်
မိန်းမလှလေးများကြား လောကစည်းစိမ်အား
ယစ်မူးနေသဖွယ်ပင်။

သို့သော်လည်း ဆန်း၏ပုံစံမှာ သူ့အနားတွင်
ပတ်ပတ်လည်ဝိုင်းကာ ကခုန်နေကြသည့်
မိန်းမလှလေးများကြားတွင် စိတ်ဝင်စားခြင်း
မရှိဟန်ပင်။

ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)Donde viven las historias. Descúbrelo ahora