Intro

275 12 0
                                    

ထိုနေ့က မိုးများသည်းကြီးမည်းကြီး
ရွာသွန်းနေခဲ့သည်။မိုးတွင်းမို့
မိုးရွာသွန်းနေသည်မှာမထူးဆန်းသော်လည်း
မနေတက်မထိုင်တက်ဖြစ်နေသူမှာ ဒီရေတာ(ခေါ်)တာ

အိမ်ခန်းရှိဝရံတာလေးအား
ကျောမှီချထားရင်း တယောက်သော
သူပြန်အလာအားစောင့်နေလေသည်။
ထိုသူထွက်သွားသည်မှာ
နှစ်နာရီခန့်ကြာနေလေပြီ..
အတိကျဆိုလျှင်နှစ်နာရီနှင့်ငါးမိနစ်။

မနက်စာစားရန်ပြင်ဆင်နေရင်းမှ
ရုတ်တရက်ထိုသူထံဖုန်းမြည်လာကာ
ဖုန်းပြောပြီးသည်နှင့်ထွက်သွားလိုက်သည်မှာ
ယခုအချိန်ထိပြန်ရောက်မလာသေး။
ပြင်ဆင်ထားသော မနက်စာနှင့်ဖျော်ထား
သောမိုင်လိုပူပူလေးမှာ နှစ်နာရီမျှ
ကြာသွားချိန်မှာတော့ သာမန်အပူချိန်အတိုင်းသာရှိသည့်
အချိုရည်တခွက်ကဲ့သို့ အေးစက်သွားလေပြီး။

ဒီရေတာမှာ ထိုသူပြန်လာမည်အား
တွေးရင်း၊စောင့်မျှော်နေရင်း၊မိုးသာတိတ်
သွား၍မိုးဖွဲသာကျကျန်ခဲ့လေသည်။
သို့သော်ထိုသူမှာ ပြန်မရောက်လာသေး..
ထွက်သွားခဲ့စဉ်ကမိုးမရွာသဖြင့်
ထီးလဲမယူသွား ကားလည်းချန်ထားကာ
အလောတကြီးသာပြေးထွက်သွားလေသည်။
မတော်၍များမိုးမိကာ တနေရာရာတွင်မိုးခိုနေ
သလား..

ဒီရေတာမှာ တွေးရင်းနှင့်ပင် ရင်ပူလာ၍
ဗီရိုဘေးတွင်ချောင်ထိုးထားသော
ထီးအနက်ရောင်အားကောက်ဆွဲလာကာ အပြင်ခံ
ကုတ်အမည်းရောင်အား
အမြန်ဝတ်ဆင်လျက် အိမ်ခန်းအပြင်သို့
ထွက်လာလေတော့သည်။
မိုးများတိတ်သွားသော်လည်း
မိုးဖွဲများကျန်ရှိနေသေးသဖြင့် ဒီရေတာသည်
ထီးအားဆောင်းထားလျက် ထိုသူသွားတက်သည့်
နေရာအားလိုက်ရှာနေမိသည် ။

သို့သော် ရှာနေသည်မှာ သိပ်ပင်မကြာလိုက်ပါပဲ
အိမ်အပြန်လမ်းတစ်ချိုးအကွေ့နားတွင်
ဒီရေတာရှာဖွေနေသည့်သူမှာ
ဒီရေတာအား ကျောပေးကာ
မတ်တပ်ရပ်နေလေသည်။
ထိုအခါမှ ဒီရေတာခမျာသက်ပြင်းချနိုင်တော့သည်။
တော်သေးသည်။သည့်ထက်ဝေးသည့်နေရာတွင်
ရှာရမည်ဟုထင်ထားသော်လည်း
ယခုမှာမူ အရှေ့တွင်သာရှိနေသည့်အတွက်
အမှန်တကယ်ပင်တော်သေးသည်။

ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)Where stories live. Discover now