အပိုင္း(၂၂)special chapter

142 10 2
                                    

ဒီရေတာသို့တမ်းခြင်း

""ငါခေါ်တဲ့နံပါတ်နှစ်ခုက တယောက်နဲ့တယောက်
kissingဆွဲရမယ် ၁၀စက္ကန့် မဟုတ်ဘူး
၁မိနစ်တိတိ..""

""ဘာ!""

မအံ့သြရပါပဲမနေနိုင်။
မြတ်နိုးမိုင်ဆိုလာသည့်အပြစ်ဒဏ်
အားကြားသော် မူးဝေနေသည့် တာပင်
အံ့သြသွားရလေသည်။ သည်ကောင်မလေး
ဘာအကြံစည်နှင့်ဤသို့အပြစ်အား
ပေးရသနည်း။

""မိုင်လေး နင်ခွဲစိတ်ပြီးအဖျားဝင်နေတာတော့
မဟုတ်ပါဘူးနော်""

ဟုဆိုကာ သူမအနားရှိနေသည့်
ခေါင်ထက်မှ သူမ၏နဖူးပေါ်လက်တင်ကာ
အဖျားရှိမရှိ စမ်းသပ်ကြည့်လေ
သည်။ထိုအခါမှ သူမသည်ခေါင်ထက်၏
လက်အားပုတ်ထုတ်ကာ..

""ငါမဖျားဘူးဟဲ့ ဘာလဲနင်တို့ကမလုပ်
ချင်တာလား""

""မဟုတ်..မိုင်လေး ဒါကတော့နဲနဲများ
တယ်လေဟာ""

""အေးကွာ ဒီမှာကယောကျာ်းချည်းပဲ
လေးယောက်ကွမိန်းကလေးမှမပါတာ""

ဆန်းမှဆိုပြီးသော် ခွန်ဇေသည်လည်းဆက်၍
ဆိုလာလေသည် ထိုအခါမှသာ
မြတ်နိုးမိုင်သည်  မှိုရထားသည့်မျက်နှာပေး
ဖြင့်..

""အာ့ကြောင့်မို့ ငါကဒီလိုအပြစ်ဒဏ်ပေးတာလေ
ဒီထဲမှာက မိန်းကလေးဆိုလို့ငါပဲပါတာ
ဒါပေမဲ့ငါက kingကဒ်ကိုရထားတာ
ဆိုတော့နင်တို့လေးယောက်ပဲကျန်တာပေါ့ စိတ်ချပါ
နှစ်ယောက်ပဲ လုပ်ရမှာ ကျန်နှစ်ယောက်ကတော့
လွတ်ငြိမ်းချမ်းသာခွင့်ရမယ် ပြီးတော့လည်း ငါမှ
နံပါတ်မခေါ်ရသေးတာ""

လေးယောက်လုံးငြိမ်သက်သွားပြန်သည်။
မကစားတော့ဘူးဟုပွဲဖျက်လိုက်လျှင်လည်း
မြတ်နိုးမိုင်သည် ယခုမှkingကဒ်
ရထားသူမို့ သူမစိတ်မကောင်းဖြစ်သွားနိုင်သည် ။
သို့ပေမဲ့လည်း စဉ်းစားကြည့်ပါအုံး ဘယ်လိုပဲ
gameဟုဆိုဆို ယောကျာ်းအချင်းချင်း
kissingဆွဲရမှာကြီးက။

သည်အပြစ်ဒဏ်အားမလုပ်ချင်ကြသည့်ပုံရိပ်အား
တွေ့နေရသဖြင့် မိုင်လေးသည်
သူမ၏မျက်နှာအားညိုးထားလိုက်ကာ

""နင်တို့အပြစ်ပေးတော့..ငါကျေကျေနပ်နပ်ခံယူ
တယ်..ငါပေးတဲ့အပြစ်ကျတော့ မလုပ်ချင်ကြ
ဘူးပေါ့..တရားကြလား ဟမ်""

ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)Wo Geschichten leben. Entdecke jetzt