ဒီရေတာသို့တမ်းခြင်း
ဒီရေတာသည် ဆန်းအားပေးထားသည့်ကတိတို့အား
တည်စေရန်အလို့ငှါ မနက်စာစားပြီးသည်ထဲက
ဆန်းပေးလိုက်သည့် လုပ်ငန်းအချက်လက်
အချို့နှင့်နေရပ်လိပ်စာအားယူကာ
ဦးမဟာသီဆိုသူ၏နေအိမ်သို့ရောက်ရှိ
လာသည်မှာ တနာရီမျှကြာမြင့်သွားလေပြီး။
သို့သော်လည်း ဦးမဟာသီ၏အရိပ်မျှပင်မတွေ့
ရသေး။အိမ်မှာ သုံးထပ်တိုက်ပုံစံဖြစ်သည်မို့
တာမှာ အိမ်အောက်ထပ်တွင်ရောက်ရှိနေလေသည်။
တာရောက်ရှိလာသည်နှင့်အိမ်အကူမှတာအား
လိမ္မော်ရည်တခွက်လာချပေးသည်ထဲမှစ၍
တစ်နာရီမျှကြာမြင့်သည်အထိ မည်သူမျှအား
တာမတွေ့ရတော့။အိမ်အပြင်တွင်တော့ ကိုယ်ရံတော်
နှစ်ယောက်မှာ ဝတ်စုံပြည့်ဝတ်ထားလျက်
ကင်းစောင့်နေလျက်ရှိသည်။အိမ်၏ဖွဲ့စည်းပုံမှာ အများစုအားကျွန်းသစ်သာ
အသုံးပြုထားလေသည်။အချို့သောနာမည်ကြီး
ဆေးရေးပန်းချီများလည်း
နံရံ၌ချိတ်ဆွဲထားလေသည်။ထို့ပြင်
အဖိုးတန်ကြွေထည်များအားလည်း
နေရာအနှံ့ပြား၌ ခင်းကျင်းကာအလှဖော်ထား
လေသည်။အိမ်၏အပြင်ဆင်အား
ကြည့်လိုက်သည်နှင့် ဦးမဟာသီမှာ
မည်မျှပင် ကြွယ်ဝချမ်းသာနိုင်ကြောင်း
ခန့်မှန်းနိုင်လေသည်။တာရောက်ရှိလာပြီး တနာရီနှင့်မိနစ်နှစ်ဆယ်
အကြာတွင်အပေါ်ထပ်မှ လူတယောက်ဆင်းလာ
လေသည်။ကောင်လေးတယောက်ဟုဆိုလျှင်ပို၍နီးစပ်ပေ
လိမ့်မည်။တာ့ထက်ပင် အသက်ငယ်ကာခန့်မှန်းခြေ ၂၀
လောက်သာရှိနိုင်သေးသည်။အသားမှာ ဖြူစွတ်
နေကာအင်္ကျီရှပ်ဖြူအား ကြယ်သီးတပ်ကာ
ဆင်းလာသဖြင့် သူ၏ပခုံးထက်
ခန္ဓာကိုယ်အစိတ်ပိုင်းတို့အား
အောက်ထပ်ရှိ ခုံပေါ်တွင်ထိုင်နေသူ
ဒီရေတာမှာ အတိုင်းသားမြင်နေရလေသည်။ထိုကောင်လေး၏ပခုံးသားတဝိုက်တွင်
ယခုမှအချစ်အမှတ်သားပေးပြီးသည့်နီရဲရဲmarkingရာများ၊ဤသည်ကိုကြည့်လိုက်
သည်နှင့် သည်ကောင်လေးသည် မည်သည့်
အရာအား ကျူးကျော်လာသည်မှန်း
တာရိပ်မိလိုက်ပါသည်။
YOU ARE READING
ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)