အပိုင်း(၃၁)

100 12 0
                                    

ဒီရေတာသို့တမ်းခြင်း

ထုံးစံအတိုင်းပင် စားသောက်ဆိုင်တစ်ဆိုင်ရှိစားပွဲ
တစ်ဝိုင်းတွင်အသီးသီးရှိနေကြသော
ဆန်းဝံ့ကြယ်၊ဒီရေတာ၊ခေါင်ထက်နှင့်ခွန်ဇေ။

သည်မနက်မှ ထူးထူးဆန်းဆန်းအပြင်တွင်မနက်စာ
စားကြမည်ဟုချိန်းဆိုထား၍လည်း
ဤကဲ့သို့ လေးယောက်သား လူစုမိနေကြ
ခြင်းပင်။

ဆိုင်မှ မှာထားသည့်စားစရာများသည်လည်း
စားပွဲခုံပေါ်သို့အကုန်ရောက်
ရှိလေပြီးဖြစ်သည်။ဖာကဖောင်ထမင်းကြော်၊
ကုန်းဘောင်ထမင်းကြော် ၊ဝက်သားလိတ်၊ဘဲကင်၊
ပေါင်မုန့်မီးဖုတ်၊ထောပတ်ယို အစရှိသည့်
စားစရာများစွာဖြင့်ပြည့်နက်နေသည့်စားပွဲဝိုင်းသည်
မသိလျှင်..လူဆယ်ယောက်စာအဖို့ မှာယူထား
သည်နှင့်ပင်တူသည်။

""တနေ့ကရုံတင်ထားတဲ့ရုပ်ရှင်..မင်းတို့ကြည့်ပြီး
ကြပြီးလား""

ခေါင်ထက်မှ ဝက်သားလိတ်တဖက်အား
ခက်ရင်းဖြင့်ယူစားကာ စားပွဲဝိုင်းအား
စတင်အသက်သွင်းလိုက်ခြင်း။
ဤသည်ကို ခွန်ဇေမှာပေါင်မုန့်အားထောပတ်
သုတ်နေရင်းမှ

""မင်းနဲ့ငါအတူတူသွားကြည့်တာပဲမဟုတ်လား""

""မင်းကိုမေးတာမဟုတ်ဘူး ""

ဟုဆိုကာ သူ့အားလှမ်းကြည့်လာသော
ဆန်းဝံ့ကြယ်အား ခေါင်ထက်မှမျက်စပစ်လိုက်
လေသည်။ဆန်းသည် ခေါင်ထက်အား တချက်
ကြည့်ကာ သူစားနေသည့်ထမင်းကြော်ပန်းကန်တွင်
သာ အကြည့်တို့ပြန်ရောက်လာလေသည်။

""မကြည့်ရသေးဘူး ဘာကားမို့လို့မင်းက
reviewလာပေးနေရတာလဲ""

ဆန်းပြောလာသည်အား ခေါင်ထက်မှပြန်ဖြေရန်
ပြင်စဉ် ခွန်ဇေမှဦးစွာ

""ဒီတိုင်းဘာမှတော့မဟုတ်ပါဘူး
ဇာတ်လမ်းကဟာတာတာနဲ့
ပြီးသွားတာကို ဒီကောင်ခေါင်ထက်ကအားမရ
ဖြစ်နေတာ""

""မင်းလဲအတူတူပဲလေ ..ဘယ့်နှယ် မင်းသမီးက
မင်းသားကိုငါးနှစ်လောက်
တောင်တဖက်သက်ချစ်လာတာကို
ပထမဆုံးဖွင့်ပြောလိုက်တဲ့
အချိန်မှာပဲ မင်းသားကငြင်းလိုက်တာ
နောက်တော့ ဘယ်လိုကနေဘယ်လိုဖြစ်ပြီး
ဇာတ်လမ်းကို မရှင်းမလင်းနဲ့ဇာတ်သိမ်းပစ်လိုက်
လဲမသိဘူး""

ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)Donde viven las historias. Descúbrelo ahora