ဒီရေတာသို့တမ်းခြင်း
၂၁ရာစုဟုဆိုရမည်ဖြစ်သည်။လူငယ်လူရွယ်များမှာ
သူတို့၏အပေါင်းသင်းများနှင့်ဖြစ်စေ သို့မဟုတ်
အလုပ်ကိုင်ရှိသည့် လူအများမှာလည်း
အလုပ်ကိစ္စနှင့်ဖြစ်စေ၊အပန်းဖြေသည်ဖြစ်စေ၊
သို့မဟုတ်လျှင်လည်းတမင်ပင် အပျော်ပါးလိုက်စား
ချင်၍ဖြစ်စေ ထိုသူတို့၏အဓိကရွေးချယ်ရာနေရာမှာ
မီးရောင်စုံ၊ဂီတမျိုးစုံ အချောအလှများစွာ
ဖြင့်စုဝေးနေသည့် ကလပ်(ခေါ်)နိုက်ကလပ်။ကလပ်ဟုဆိုရာ၌ အတန်းစားပေါင်းစုံ၊လူမျိုးစုံ
ငွေပေးငွေယူများစွာ တရားဝင်သည်ဖြစ်စေ၊
တရားမဝင်သည်ဖြစ်စေ၊ဒုစရိုက်များဖြင့်လည်း
တခါတရံပြည့်နက်နေကာ တခါတရံလဲ ချောမောလှပသောမိန်းမပျိုများက ခန္ဓာကိုယ်အားကွေ့ကောက်ကာ
ကပြဖျော်ဖြေတက်သေးသည်။အပျော်ပါးလိုက်စားကြသည့်
လူငယ်များအဖို့လည်း မိန်းမယောကျာ်းမရွေး
dancing floor၌မြူးကြွသော djသီချင်းသံများဖြင့်
ကခုန်လျက်ရှိကြလေသည်။အမှန်တကယ်ပင်
ကလပ်ဆိုသည်မှာ လူငယ်အများစုက
ကြိုက်နှစ်သက်ကြသောနေရာဟုဆိုလျှင်လဲ မမှားပါ။ယနေ့ညတွင်လဲ မီးရောင်စုံနှင့် မြူးကြွသော
တီးလုံးသံများအကြားကခုန်ပေါက်နေသည့်
လူငယ်တစ်စုမှာကခုန်နေရင်းမှ ပင်ပန်းသွား၍
ထင်သည်။သူတို့၏စားပွဲထံသို့ပြန်လာကာ
ခဏတာမျှ အပန်းဖြေကြလေသည်။
ထိုလူငယ်တစ်စုမှ အနက်ရောင်ဝတ်ဆင်ထားသည့်
လူတယောက်မှာ တယိမ်းတယိုင်ပင်စားပွဲအား
လက်ဖြင့်အားပြုလျက်ထလာကာ သူ၏လက်ထဲရှိ
ဝီစကီထည့်ထားသော ဖန်ခွက်အားလေပေါ်
မြောက်လျက်...""ချီးယား..""
ထိုသူမှ မတ်တပ်ရပ်ကာဆိုလာသဖြင့်ကျန်သူများ
မှာလည်း အခြေနေဟန်သူရှိမည်၊အခြေနေမဟန်
တော့ကာ မူးမှောက်နေသူရှိမည်။သို့သော်လည်း
အားလုံးမှာ အသီးသီးဖန်ခွက် အားကိုင်လျက်
ချီးယားဟု အသံမြည်ကျယ်စွာ
ဆိုလာကာ ခွက်အားတိုက်ကြလေသည်။""ချီးယား..""
""ဟေ့ကောင် သက်တော်ရာကျော်ရှည်ပါစေကွာ""
YOU ARE READING
ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)