ဒီရေတာသို့တမ်းခြင်း
အခြားသောသူများနှင့်အဆက်သွယ်
ဖြတ်ကာ ဇူးမြတ်သည်ထိုနေရာသို့ရောက်ရှိလာ
သည်မှာတပတ်တင်းတင်းပင်ပြည့်ခဲ့လေပြီ ။
ကုန်လွန်ခဲ့သည့်ရက်များအတွင်းက
သူသည်မောင်နှင့်အတူအေးချမ်းစွာဖြင့်
နေ့ရက်များအားဖြတ်သန်းခဲ့သည်။မောင်သည်သူ့အားယခင်နေ့ရက်ကကဲ့သို့
ကလန်ကဆန်ပြုလုပ်ခြင်းမရှိတော့ပါပဲ
သူပြောသမျှကိုသာနားထောင်ပေးတက်ခဲ့
လေသည်။သူ့ထက်စောစောအိပ်ပျော်
သွားလေ့ရှိသည့်မောင်အား အိပ်ယာဝင်
နုတ်ဆက်အနမ်းအဖြစ် မောင့်၏နဖူးလေး
အား မောင်မသိအောင် နမ်းရှိုက်ပြီးမှသာ
သူသည်လည်း အိပ်ယာဝင်လေ့ရှိသည်။အားလပ်ချိန်တိုင်းမောင်နှင့်အတူ
အိမ်အောက်ဆင်းကာ ခြံဝန်းတပတ်
ပတ်လျက် လေပြေလေညင်းများခံ၍
စကားစမြည်ဆိုကြလေသည်။
သည်ရက်ပိုင်းအတွင်း အိမ်ပြန်ရန်အဖို့
ကိုလည်း မောင့်ဘက်မှစကားစလာခြင်း
မရှိတော့။ဇူးမြတ်သည် မောင်မမြင်ရသည့်
တနေရာတွင် သွားကာ မောင့်အားအိမ်ရှေ့
ဝရံတာတွင်သာချန်ထား၍ အခန်းထဲသို့ဝင်
သွားလေသည်။ပြီးနောက် သူဖွက်ထားခဲ့သည့်
ဖုန်းအား အိတ်တလုံးထဲမှထုတ်ယူလိုက်ရာ
စက်ပိတ်ထားသည့်ဖုန်းအား
ပြန်ဖွင့်လိုက်လေသည်။မရေတွက်နိုင်လောက်သည့် miss called
အရေတွက်များမှာ သူ၏မိဘနှစ်ပါးနှင့်
ညီမလေးဖြစ်သူထံမှ ဖုန်းနံပါတ်များမှာ
အနီချင်းထပ်လျက် တန်းစီနေလေသည်။
သို့သော်လည်းဇူးမြတ်သည် ထိုဖုန်းနံပါတ်
များအား လစ်လျူရှူလိုက်ပြီး
ဖုန်းနံပါတ်တခုသို့သာ ရဲရဲဆက်လိုက်လေ
သည်။ဇူးမြတ်မှဖုန်းပြောပြီး ခဏအကြာတွင်
ဖွင့်ထားသည့်ဖုန်းအား စက်ပြန်ပိတ်လိုက်ကာ
ဖုန်းအားအိတ်ထဲတွင်ပြန်ထည့်၍
မောင်မမြင်နိုင်သည့်နေရာတွင်ပြန်ဖွက်ထား
လိုက်ပြီး မောင်ရှိရာဝရံတာသို့ထွက်လာလေ
သည်။ဝရံတာသို့ရောက်လာပြီးဆိုသော်လည်း
မောင့်အရိပ်အယောင်အား အနည်းငယ်မျှ
ပင်မတွေ့ရ မောင်အဘယ်သို့ရောက်
နေသနည်း။
ESTÁS LEYENDO
ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)