အပိုင္း(၁၇)

116 10 4
                                    

ဒီရေတာသို့တမ်းခြင်း

ထင်းမီးများတတောက်တောက်လောင်ကျွမ်း
နေသည်တို့အား ဒီရေတာမှာသည်တိုင်းငေး
ကြည့်နေလေသည်။ယခုမှ မိုးသာလင်းသည် ။
နေပင်ကောင်းမွန်စွာထွက်မလာသေး။ထင်းမီး၏
အရှိန်ပြင်းစွာတောက်လောင်နေသည်မှာ
အနားရှိလူပင်ချွေးစို့လာရလေသည်။ထိုထင်းမီးပုံ
ထက်တွင် လူတယောက်ငြိမ်သက်စွာ
လဲလျောင်းနေလေသည်။သူ၏မျက်နှာမှာ
အေးချမ်းသဖွယ်အသွင်ဆောင်ကာ
တစ်ညပင်ကြာမြင့်သေးသော်လည်း
သူ၏ခန္ဓာကိုယ်တို့မှာ ဖြူစွတ်သည့်
ဘက်သို့ကူးပြောင်းစပြုလာလေပြီ။

ထင်းမီးပုံနားတွင် ရွာသူကြီးနှင့် သူ၏ရှင်မ
တို့ရှိနေသည်။

ရွာသူကြီးမှာတော့စိတ်မကောင်းဖြစ်ရုံမျက်ရည်
ဝဲနေသော်လည်း ရှင်မဖြစ်သူမှာတော့ ရင်ဘက်
အားထုလျက်မျက်ရည်တို့အားခြုံလာသည့်
လည်သဘက်နှင့်သုတ်ကာငိုကြွေးနေလေသည်။
ဒီရေတာမှာတော့ မငိုကြွေးမိ။

မနေ့ညကငိုကြွေးခဲ့၍လား။သို့မဟုတ်လျှင်လည်း
တစ်ညလုံးငိုကြွေးခဲ့ရ၍လားတော့မသိ ၊
သည်မနက်တော့မျက်ရည်များခမ်းခြောက်
ကုန်လေသည်။

ထိုသို့ထင်းမီးများတောက်လောင်နေစဉ်ပင်
အပြင်မှ လူနှစ်ယောက်ရောက်ရှိလာလေသည်။
ထိုသူနှစ်ယောက်မှာ ရောက်လာသည်နှင့်
တာအနားသို့အပြေးလွားသွားကြလေသည်။

""တာ...မင်းအဆင်ပြေရဲ့လား""

ဆန်းမှ တာ၏ပခုံးအား ထိကိုင်ကာမေးလိုက်ခြင်းပင်

""ဘာတွေဖြစ်ကုန်တာလဲ""

ဤသည်ကို ခေါင်ထက်မှနားမလည်သဖြင့်
မေးလာခြင်း၊မနေ့ညက သန်းခေါင်ယံ
အချိန်...တာမှ ဆန်းဆီဖုန်းဆက်ကာ
သူ့အားလာကြိုပါဟု ငိုယိုလျက်ဖုန်းဆက်
ပြောခဲ့သဖြင့် ဆန်းသည်လည်းတာကိုစိုးရိမ်ကာ
ခေါင်ထက်အားအဖော်ခေါ်လျက် ရွာသို့
ညတွင်းချင်းမောင်းနှင်လာရာရောက်သည်နှင့်
တွေ့လိုက်ရသည်က ရဲရဲတောက်
လောင်ကျွမ်းနေသည့် ထင်းမီးပုံပင်။

တာ ငြိမ်ဆိတ်နေသည်။ဆန်းမေးသည်
လည်းပြန်မဖြေပါပဲ ခေါင်ထက်ဆိုလာ
သည်အား လည်းပြန်မဖြေပါ။
ဆန်းနှင့်ခေါက်ထက်သည်လည်း
ဖြစ်ပျက်သွားသည်အား နားမလည်လိုက်
သဖြင့် ထင်းမီးပုံကိုသာအကြောင်းရင်းမသိ
ကြည့်နေကြလေသည်။








ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)Where stories live. Discover now