ဒီရေတာသို့တမ်းခြင်း
""ဟေ့ကောင် ငါလာတယ်""
ခေါင်ထက်မှာ လမ်းကြုံဝင်လာသည်မဟုတ်ပါပဲ
ဆန်းအားတမင်ပင်တွေ့ရန် ဦးတည်လာလျက်
ဆန်းစားရန်အလို့ငှါ အစိမ်းကြော်နှင့် ကော်ဖီပူ
တစ်ခွက်ပင်ဝယ်လာလေသည်။အိမ်ခန်းထဲ
ရောက်သည်နှင့် ဆန်းအားခေါင်ထက်ရှာလိုက်ရာ
တွေ့ပါပြီး...သကောင့်သားက ခုံပေါ်ခြေဆင်းထိုင်ပြီး
အေးဆေးပင်ဂိမ်းနိပ်နေသည်။ခေါင်ထက်သည် သူယူလာသော အစိမ်းကြော်နှင့်
ကော်ဖီပူတခွက်အား ခုံပေါ်တွင်တင်ထားလိုက်ကာ
ဆန်းအနားသို့သွားကာ ဆန်းထိုင်နေသည့်ခုံပေါ်
တွင်သာမရမကတိုးထိုင်လေသည်။
ထိုအခါဆန်းမှ ဂိမ်းဆော့ပျက်သွားသဖြင့်
စိတ်တိုတိုနှင့် သူ၏ဆံပင်တို့အား
လက်ငါးချောင်းလုံးထိုးထည့်၍ဖွပစ်လိုက်
လေသည်။""ဘောပဲကွာ ဟေ့ကောင် ခေါင်ထက်
ငါ့အိမ်ဘာလာလုပ်တာလဲ""""အောင်မာ ငါ့ကိုများ..မင်းငါ့အိမ်လာရဲလာကြည့်
ခြံတံခါးကိုခတ်ထားအုံးမှာ""""သဘောပဲဟေ..သေတောင်မလာဘူး""
စိတ်မရှည်၊စိတ်လည်းတိုလွယ်နေသည့်ဆန်းမှာ
တခုခုတော့မှားယွင်းနေပြီဟု ခေါင်ထက်သိလိုက်
ရသည်။ထို့ကြောင့်လည်း ခေါင်ထက်သည်
ဆန်းပခုံးပေါ်သူ၏လက်တင်လိုက်ကာ
ဆန်းနှင့်ခေါင်းချင်းဆိုင်ကာထိထားလျက်""ကဲ ပြောပါအုံး မင်းအလိုမကျဖြစ်နေရတဲ့
အကြောင်းရင်းလေး""ခေါင်ထက်မှဆိုလာသော် ဆန်းသည်တချက်ငြိမ်
သွားသည်။ပြီးမှသာလျှင်""ဘာရှိရမှာလဲ တာပေါ့..ထွက်သွားတာလေးရက်
ရှိပြီး..ခုထိကိုပြန်မလာသေးဘူး""ယခုမှဆန်းဝံ့ကြယ်၏ စိတ်မလိုမကျဖြစ်
ရခြင်းအကြောင်းရင်းအား ခေါင်ထက်သိသွား
လေတော့သည်။""ဖုန်းမဆက်ဘူးလား""
""ဆက်တယ် ပြီးရင်ပြောလိုက်တိုင်း မနက်စာစားပြီးပြီးလား ၊ညစာသေချာစားနော် ပြီးတော့ဘာလဲ
အစာမခံနဲ့နော်တဲ့၊ဘောပဲ အဲ့လောက်စိုးရိမ်နေရင်
ပြန်လာပါလား အခုဟာကပြန်လဲပြန်မလာပဲ
ဖုန်းဆက်ပြီးတော့ပဲ လာစိတ်ပူပြနေတယ်""
YOU ARE READING
ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)