အပိုင်း(၃၅)

128 4 0
                                    

ဒီရေတာသို့တမ်းခြင်း


ဇူးမြတ်သည် အိမ်နှင့်အဆက်သွယ်ဖြတ်ကာ
အနည်းငယ်လူသူရှားပါးဝေးလံသော
နေရာသို့ ရောက်လာသည်မှာ
သုံးရက်ခန့်မျှကြာခဲ့လေပြီ။
လူတိုင်းနှင့်အဆက်သွယ်ဖြတ်ထားသည့်
အပြင် ဖုန်းပိတ်ထားသည့်အတွက်လည်း
ယခုအချိန်တွင် သူ့အားအပူတပြင်း
လိုက်ရှာနေကြမည်မှာ ကျိန်းသေပါသည်။

သည်သုံးရက်အတွင်း သူ့အားမောင်သည်
စကားလဲမပြောပါပဲအိမ်ပြန်ပို့ရန်သာဆိုနေတက်ပြီး
အချိန်ပြည့်လစ်လျူရှူထားတက်သည်။

ထိုသို့သော လစ်လျူရှူခံရသည်ကိုပင်
ဇူးမြတ်မမှုပါ။ယခုလောလောဆယ်
တွင်တော့ မောင်သည် သူ့အနားတွင်ရှိနေသည်
မဟုတ်လား။

ဇူးမြတ်သည် သည်နေ့မနက်စာအဖို့
​မောင် အာဟာရပြည့်စေရန်
ကြက်စွပ်ပြုတ်အား ပြုတ်ထားလေသည်။
သုံးရက်လုံး မောင်သည်အခန်းထဲမှ
အပြင်သို့ခြေတဖဝါးမှ မလှမ်းရသေးပါ။
အကြောင်းမှာ သည်နေရာသို့ရောက်လာချိန်
မှ စပြီး ယခုအချိန်ထိ ဂျူဆိုင်းမောင်ထံ
တွင် အားအင်တို့မှာ ကုန်ဆုံးနေဆဲ။

သေချာလှသည်ကတော့
ဂျူဆိုင်းမောင် စားမည့်အစားစာထဲတွင်
ဇူးမြတ်သည် အားအင်ကုန်ခမ်းစေသည့်
ဆေးတမျိုးအားထည့်ထားကာ
နေ့ညမပြတ် စားသုံးစေသောကြောင့်
ယခုနေ့ထိတိုင်အောင် ဂျူဆိုင်းမောင်သည်
ပြန်လည်အားအင်ပြည့်မလာသေး။

ယခုလည်း ဂျူဆိုင်းမောင်အဖို့ စားသုံးမည့်
ကြက်စွပ်ပြုတ်ထဲတွင် ဆေးအနည်းငယ်
ခပ်ထားကာ အခန်းထဲသို့ဝင်လာလေသည်။
အခန်းထဲသို့ ဝင်လာသည်နှင့်
ဂျူဆိုင်းမောင်သည်
ကြမ်းပြင်ပေါ်လဲကျနေသည်အား
မြင်သော် ဇူးမြတ်သည် သူယူဆောင်လာသည့်
ကြက်စွပ်ပြုတ်ပန်းကန်အား အနီးနားရှိ
ခုံပေါ်တွင် တင်ထားလိုက်ကာ
ကြမ်းပြင်ပေါ်လဲကျနေသည့် မောင်အား
တွဲကူလိုက်လေသည်။

""မထိနဲ့!!""

ထိုသို့လဲဆိုရင်း ဂျူဆိုင်းမောင်သည်
သူ့အားလာတွဲကူသည့် ဇူးမြတ်အား
မထိမခံပါပဲ တွန်းထုတ်လိုက်လေသည်။

""မောင်..ငါတွဲကူပေးမယ်လေ""

""မလိုဘူး ငါထနိုင်တယ်""

ဒီရေတာသို့တမ်းခြင်း(ဒီရတောသို့တမျးခွငျး)Onde histórias criam vida. Descubra agora