part 1(Unicode)

41.7K 1.1K 105
                                    

Part 1

ရုတ်တရက်ကြီး ကောင်းကင်တစ်ခွင် အုံ့မှိုင်းကာ လေပြင်းနဲ့အတူ ကျလာသော မိုးဖွဲများကြောင့် နာရီစင် လမ်းတစ်လျှောက်တွင် ခပ်သွက်သွက် သွားသူကသွား ဆိုင်သိမ်းရန် ပြင်သူကပြင်နှင့် ဆိုင်ကယ်များမှာလည်း ဝှီးခနဲ ဝှီးခနဲ ဖြတ်သွားကြသည်။

မှိုင်းလည်း လမ်းခွဲတစ်ခုသို့ ခပ်သွက်သွက် မောင်းဝင်ကာ စီးလာသော clickဘီး အနက်လေးအား အရှိန်တင်မောင်း ဖို့ရာ ပြင်ရတော့၏။

မိုးဖွဲလေးများကျလာကာ တချက်တချက် လေအ‌ဝှေ့တွင် ပါလာသော မြေသင်းနံ့လေးကို မှိုင်း အားရပါးရ ရှူရှိုက်မိသည်။Cafe Kalaw ဟူသည့် ဆိုင်းပုဒ်ထောင်ထားသော ခြံ‌ရှေ့ မလှမ်းမကမ်းတွင် ဆိုင်ကယ်ကိုရပ်ကာ မိုးရေကြောင့် စိုထိုင်းထိုင်း ဖြစ်နေသော ဆံနွယ်များကို လက်ချောင်း သွယ်သွယ်လေးများဖြင့် ဆွဲဖွပြီးမှ ဆိုင်ထဲသို့ ဝင်သွားလိုက်၏။

ထို့နောက် မှိုင်းနဲ့ကိုကို အမြဲထိုင်နေကြ ဆိုင်အပေါ်ထပ် နေရာလေးတွင် ထိုင်ကာ Cappuccino နှစ်ခွက်နှင့် Cheese Cake ကို မှာလိုက်သည်။

မှိုင်း Cappuccino ပူပူလေးကို ဖြည်းဖြည်းချင်း သောက်ရင်း တစိမ့်စိမ့် အရသာခံနေစဉ်

"မှိုင်း sorryကွာ ကိုကို ကိစ္စလေးရှိလို့ နောက်ကျသွားတယ်"

မှိုင်းနဲ့ မျက်နှာချင်းဆိုင် ခုံတွင် ထိုင်ကာ တောင်းပန်စကား ဆိုလာသော မှိုင်းချစ်ရသည့် ကိုကိုကြောင့် မှိုင်း သွားစွယ်လေးများ ပေါ်သည်အထိ ပြုံးပြလိုက်ရင်း

"ကိုကိုနဲ့ မှိုင်းက တောင်းပန်ရမဲ့ လူတွေလား…"

မှိုင်းပါးစပ်ကလည်းပြော လက်ကလည်း ကိတ်ကိုခက်ရင်းလေးနဲ့ ဖဲ့ကာ တတိတိ စားနေသည်မှာ ယုန်ပေါက်စ လေးလို…

မှိုင်းရဲ့ ပုံစံကိုကြည့်ရင်း စိုင်းယံတစ်ယောက် ပြောရမည့် စကားတို့ကို ပြောမထွက်နိုင် ဖြစ်နေသော်လည်း မတတ်နိုင် ပြောကို ပြောရပေမည်။ဒါမှိုင်း အတွက်…

"မှိုင်း ကိုယ်တို့ လမ်းခွဲရအောင်"

စိုင်းယံရဲ့ စကားကြောင့် ခက်ရင်းကိုင်ထားသော မှိုင်း လက်မှာ တုန့်ခနဲ မှိုင်း မျက်နှာကို လွဲလိုက်ကာ

မှိုင်း(Complete)Where stories live. Discover now