မှိုင်း part 42
ထုံကျဉ် ကိုက်ခဲနေသော ခံစားချက် တစ်ချို့ကြောင့် မှိုင်း လေးလံနေသော မျက်လုံးများကို ဖြေးဖြေးချင်း ဖွင့်လိုက်မိသည်။ကြီးမားကျယ်ပြန့်သော ရင်အုပ်ကျယ်ကြီးပေါ် မျက်နှာအပ်ထား မိသည်ကို သိလိုက်သည်နှင့် အလန့်တကြား နောက်ပြန်ဆုတ်မိလိုက်ကာ
"အား!"
"ဘုန်း ဘုန်း ဘုန်း!"
"သေစမ်း သောက်အဖိုးကြီး"
အပေါ်ပိုင်း ဗလာကျင်းဖြင့် အိပ်ပျော်နေသော မင်းခ ဝမ်းဗိုက်တည့်တည့်သို့ အားပြင်းသော လက်သီးချက်များ ကျလာ၍ မင်းခ ကုတင်ပေါ်မှ အလန့်တကြားထကာ ဝုန်းခနဲ လှိမ့်ဆင်းလိုက်ရသည်။
"စိတ်လျှော့ ငယ် ကိုယ်ပြောပြမယ်…"
"တိတ်စမ်း! ဘာပြောမှာလဲ ခင်ဗျား ကျုပ်ကို အမဲဖျက်ထားတာကိုလား"
ခေါင်းအုံးများနှင့်ပါ ကောက်ပေါက်နေသော မှိုင်းအနားကို မင်းခ အပြေးသွားလိုက်ပြီး ဆွဲဖက်လိုက်တော့ ပင်ပန်းနေဟန် ရှိသော မှိုင်းက စွေ့ခနဲ ပါလာသည်။
"အဖျားမကျသေးဘူးလေ စိတ်လျှော့ပါကွာ"
မင်းခ ရင်ခွင်ထဲ ဆွဲသွင်းကာ ဆိုလိုက်သောအခါမှ မှိုင်း တစ်ကိုယ်လုံး တဆစ်ဆစ် ကိုက်ခဲနေပြီး ခေါင်းများ မူးနောက်နေသည်ကို သတိထားမိတော့၏။
ပင်ပန်းနေသည့်ကြားမှ မကျေမနပ်ဖြင့် မင်းခ ဗိုက်ခေါက်ကို လိမ်ဆွဲလိုက်သော်လည်း မင်းခက မှိုင်းကို အသာအယာ ဆွဲဖက်ပြီး ငြိမ်ပေးနေလိုက်ကာ
"ခဏလောက်မှိန်းနေလိုက်နော်။ကိုယ် အနားမှာ ရှိနေပေးမယ်"
မှိုင်း ဆံနွယ်တချို့ကို အသာအယာသပ်ပေးရင်း ချော့နေသော မင်းခကြောင့် မှိုင်း တဖြည်းဖြည်းနှင့် ပြန်လည် အိပ်မောကျသွားတော့သည်။
မှိုင်းကို ကုတင်ပေါ် အသာအယာချပေးပြီးနောက် မင်းခ ရေချိုးခန်းထဲ ဝင်ကာ ခပ်သွက်သွက်ရေချိုးလိုက်၏။ရေချိုးခန်းထဲမှ အထွက် ခပ်တိုးတိုး ညည်းညူသံကြောင့် မင်းခ ကုတင်ဆီ အပြေးအလွှားသွားပြီး ကိုယ်ပူစမ်းကြည့်လိုက်တော့ ထင်သည့်အတိုင်း ကျစ်ကျစ်တောက် ပူလေပြီ။
YOU ARE READING
မှိုင်း(Complete)
RomanceUnicode ရှမ်းပြည်နယ်က တောင်ပေါ်သားလေးတစ်ယောက် သူ့ရဲ့ မွေးစားဦးလေး ကပြားကိုမှ ချစ်မိသွားတဲ့အခါ နှင်းမြူတွေဆိုင်းပြီး ချယ်ရီတွေဝေနေတဲ့ တောင်တန်းမြေရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ကွယ်။တောင်တန်းမြေကို ချစ်တယ်။ချယ်ရီပန်းတွေကို ချစ်တယ်။ ပြီးတော့ ခေါပုတ်သ...