part 44(Uni)

6.1K 305 30
                                    

မှိုင်း part 44

မင်းမြတ် ဆေးစစ်ချက် စာရွက်ကို ကိုင်ပြီး အချိန်အတော်ကြာသည်အထိ စာရွက်ပေါ်က အကြောင်းအရာများကို တစ်ကြောင်းချင်းစီ ဖတ်ကြည့်နေမိသည်။

‌ခံစားချက် ကင်းမဲ့စွာ ဆေးစစ်ချက် စာရွက်ကို စိုက်ကြည့်နေသည်မှာ ရုံးတွင်း စာရွက်စာတမ်းတစ်ခုကို ကြည့်နေသည့်အလား တည်ငြိမ်လျက်။

မင်းမြတ်ထက် ပို၍ တည်ငြိမ်နေသည်မှာ ကုတင်ပေါ်တွင် မျက်နှာသေဖြင့် လဲလျောင်းနေသည့် ဒီလေး ဖြစ်ပြီး ဘာနာကျင်မှု ဘာခံစားချက်မှ မရှိသည့်အလား ဆိတ်ငြိမ်နေသည်။

"ဟုတ်သား ဆရာဝန်ပြောသလိုပဲ ဦးနှောက် အကြိတ်က အာရုံကြောကို ဖိမိနေတာမလို့ နာကျင်မှုကို ခံစားနိုင်မှာမဟုတ်"

မင်းမြတ် ခပ်ဆဆတွေးရင်း စာရွက်ကို ချထားလိုက်ပြီး

"ဒီလေးကျော် မင်း အခြေအနေကို မင်းအသိဆုံးဖြစ်မှာပါ"

"ကျွန်တော် ဒီမှာ မနေချင်ဘူး ဦးခွန်မင်းမြတ်"

ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ဒီလေးက ပြောလာ၍ မင်းမြတ် အပိုစကား ဆိုမနေတော့ပဲ အိမ်ခေါ်ပြန်ဖို့ ပြင်လိုက်သည်။

"လူနာကို ချော့မော့ပြောသင့်တာ မဟုတ်ဘူးလား မင်းကပါ…ဘယ်လိုဖြစ်လို့…"

သူငယ်ချင်းဖြစ်သူ စကားကို ခွန်းတုန့်ပြန်မနေတော့ပဲ ဒီလေးလက်ကို ဆွဲကာ ထွက်သွားသူကြောင့် ဆရာဝန်များကော သူနာပြုများက ကြောင်အလျက် ကျန်နေ၏။

ဒီလေး ကျန်းမာရေး အခြေအနေကို သိပြီးနောက်ပိုင်း ဦးမင်းမြတ်တစ်ယောက် ဒီလေးကို အနိုင်မကျင့်တော့ပဲ သက်သက်သာသာ အနားယူခိုင်း စေပြီး ဒီလေးအပေါ် အရမ်း မချုပ်ချယ်တော့သော်လည်း အိမ်ပြန်မည့်အကြောင်း စကားစမိပါက ပစ္စည်းများ ပေါက်ခွဲသောင်းကျန်းသောကြောင့် ဒီလေး ထပ်‌မပြောဖြစ်တော့။
-------------------------------------

"မင်း ပိန်ကျသွားသလိုပဲ"

မှိုင်းရဲ့စကားကြောင့် ဒီလေး ခပ်ဖျော့ဖျော့ ပြုံးမိသွားပြီး

"ဒီရက်ထဲ အပြင်စာတွေ သိပ်မစားဖြစ်တော့လို့ပါ"

"အန်ကယ်လေးနဲ့ အဆင်မပြေလို့လား။ငါတို့ မရှိတဲ့ ခဏလေးမှာ ဘာတွေဖြစ်ကုန်တာလဲ"

မှိုင်း(Complete)Where stories live. Discover now