တီ တီ တီမင်းခ ကုတင်ဘေးက ခုံပေါ်ရှိ စားပွဲတင်နာရီမှ မြည်နေသော alarmကို လှမ်းပိတ်ရင်း စူးရှသော မျက်လုံးတို့က ဖျတ်ခနဲ ပွင့်လာသည်။
ခြုံထားသော စောင်ကို ဆွဲဖယ်ကာ ခဏမှိန်းနေစဉ် ဒုတိယအကြိမ် ထပ်မြည်လာသော alarmသံ
ထိုအခါမှ အိပ်ယာမှထကာ ရေချိုးခန်းသို့ ဝင်၍ မျက်နှာသစ် ကိုယ်လက် သန့်စင်ခြင်းများကို ခပ်သွက်သွက် လုပ်လိုက်၏။ယနေ့က အလုပ် စရမည့်နေ့။မင်းခတွင် အနားယူဖို့ အချိန်မရှိ မှိုင်းကို လိုအပ်သမျှ ဖြည့်ဆည်းနိုင်ဖို့ တခြားလူတွေထက် အမြင့်မှာထားနိုင်ဖို့ အခုကတည်းက ကြိုးစားထားမှ ရမည်။
ယနေ့ မင်းခ ဖွင့်ထားသော စားသောက်ဆိုင်၊ Cafe, Bar , အဆောင်များကို ပတ်ကြည့်ရန် စိတ်ကူးထား၍ အနက်ရောင်ရှပ်လက်ရှည်ကို style pant နှင့် တွဲဝတ်လိုက်တော့ အရပ်6ပေ ကျော်သော အရပ် ရွှေအိုရောင် ဆံပင်နှင့်
မင်းခမှာ တကယ့်ကို handsome typeအသက် 25ရှိပြီ ဖြစ်၍ ရွှေအိုရောင် ဆံပင် ညို့ဓာတ်ပြင်းသော မျက်ဝန်းများနဲ့ မင်းခမှာ အမေက ဗမာ အဖေက ဂျာမနီ ဖြစ်သည်။
ညို့ဓာတ်ပြင်းသော မျက်ဝန်းများမှာ အညိုရောင်ဖြစ်ပြီး ရွှေရောင်ဆံနွယ် အသားဖြူဖြူ နှာတံမြင့်မြင့်နဲ့ မင်းခပုံစံက ဖခင်ဘက်ကမျိုးရိုးနဲ့ ပို၍တူသော်လည်း မိခင်ဖြစ်သူနဲ့ တူသည့်အချက်တစ်ခုမှာ ရယ်လိုက်တိုင်း ပေါ်သွားတတ်သော ပါးချိုင့် နက်နက်ကလေး…
မင်းခ ရှပ်အင်္ကျီ ကြယ်သီးများကို တပ်ရင်း ဟိုးအတိတ် ကာလများဆီသို့ အတွေးများ လွင့်ပြန့်သွားရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မင်းခမိဘနှစ်ပါးစလုံး နေထိုင်ပြီး ကြွယ်ဝ ချမ်းသာမှုများစွာဖြင့် မင်းခ ဘဝတွင် မရနိုင်သည့်အရာ ဟူ၍ မရှိစေရ။
ဖူးဖူးမှုတ် အလိုလိုက်ခံ သခင်လေးမှာ မိခင်ဖြစ်သူနဲ့အတူ မွေးရပ်မြေ ဖြစ်သည့် မြန်မာပြည်သို့ အသက် 7နှစ်ကျော် အရွယ်တွင် အလည်လာစဉ် ဘေးခြံရှိ မာမီမိတ်ဆွေမှာ မီးဖွားနေသည် ဆိုသောကြောင့် ဆေးရုံသို့ သတင်းမေးရန် သွားသော မာမီနဲ့အတူ မင်းခပါ လိုက်သွားခဲ့သည်။
YOU ARE READING
မှိုင်း(Complete)
RomanceUnicode ရှမ်းပြည်နယ်က တောင်ပေါ်သားလေးတစ်ယောက် သူ့ရဲ့ မွေးစားဦးလေး ကပြားကိုမှ ချစ်မိသွားတဲ့အခါ နှင်းမြူတွေဆိုင်းပြီး ချယ်ရီတွေဝေနေတဲ့ တောင်တန်းမြေရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ကွယ်။တောင်တန်းမြေကို ချစ်တယ်။ချယ်ရီပန်းတွေကို ချစ်တယ်။ ပြီးတော့ ခေါပုတ်သ...