part 33(Unicode)

5.9K 352 14
                                    

မှိုင်း part 33 update 31.12.2021(11:35PM)

"ဦးမင်းမြတ်!"

ခြံရှေ့မှ ဆူညံပူညံ အသံများကြောင့် ဦးမင်းမြတ် ဖတ်လက်စ စာအုပ်ကို အသာချကာ အိမ်ရှေ့ထွက်လာသောအခါ ထင်သည့်အတိုင်း မောင်မင်းကြီးသား ဒီလေးကျော်က ခြံရှေ့တွင် သောင်းကျန်းနေခြင်း။

မင်းမြတ် ခြံတံခါးကို ကမန်းကတမ်း ဆွဲဖွင့်လိုက်သောအခါ ကိုယ်တော်ချောက ခြံတံခါးကိုမှီထိုင်ကာ ပယ်ပယ်နှယ်နှယ် အော်နေခြင်း ဖြစ်သည်။

"ဒီလေး ထစမ်း"

မင်းမြတ် ဒီလေးကို ဆွဲထူလိုက်တော့ ထရပ်လာပြီး

"ဦးမင်းမြတ် အသဲနှလုံးမရှိတဲ့လူ ခင်ဗျားကြီး ကျွန်တော့်ကို လုပ်ချင်ရာလုပ်ပြီးမှ တာဝန်မယူ…အွတ်"

မူးမူးရူးရူးနဲ့ ပေါက်ပန်းလေးဆယ် ပြောနေသော ဒီလေးကျော်ကြောင့် ဦးမင်းမြတ် မျက်လုံးပြူး မျက်ဆံပြူးဖြင့် ဒီလေး ပါးစပ်ကို ပိတ်ကာ ခြံထဲ ဆွဲသွင်းလိုက်ရသည်။

*ရှက်စရာကောင်းလိုက်တာ ပတ်ဝန်းကျင်က ထင်ချင်ရာတွေ ထင်ကုန်တော့မှာပဲ*

"ဒီလေးကျော် မင်း ဘာတွေ စောက်ရူးထပြန်ပြီလဲ ဟမ် ဒီလောက်မူးရူးနေတာကို ငါ့ဆီ ဘာလာလုပ်တာလဲ"

ဦးမင်းမြတ် ဒေါသတကြီး အော်လိုက်၍ ဖြစ်မည်။ဒီလေး တစ်ယောက် ဦးမင်းမြတ်ကို ပြူးကြည့်လာပြီး

"ဦးခွန်မင်းမြတ် ခင်ဗျား ကျွန်တော့်ကို အော်တယ် ဒယ်ဒီရေ လာကြည့်ပါဦး ဒယ်ဒီ့ရဲ့ အဖိုးတန်မျိုးမှန် ရွှေလို ဥထားရတဲ့ သားရတနာလေးကို ဒီလူကြီးကအော်တယ် ဒယ်ဒီရေ အဟင့် အီး…ရွှတ်"

ပါးစပ်က အသံဗြဲကြီးနဲ့ အော်ရုံသာမက တရွှတ်ရွှတ်နဲ့ ထငိုနေသော ဒီလေးကြောင့် မင်းမြတ် ဟင်းခနဲ သက်ပြင်းချမိသွားသည်။

"ဦးမင်းမြတ် အသဲနှလုံးမရှိတဲ့လူ ကျွန်တော် ခင်ဗျားဘေးမှာ နေလာတာ 3နှစ်ရှိပြီ။ခင်ဗျားဘေးမှာပဲ လိမ်လိမ်မာမာနဲ့ ပေးဆပ်ပြီး နေခဲ့တာ 3နှစ်။ခင်ဗျားလို အိုကြီးအိုမ နွားကြီးကို ကြိုက်ခဲ့မိလို့ ကျွန်တော် လက်လွှတ်လိုက်ရတဲ့ အလှလေးတွေမှ အများကြီးပဲ။ဒါကို ခင်ဗျားကြီးက ချေနေသေးတယ် သောက်ဘိုးတော်.…မချစ်တော့ဘူး…"

မှိုင်း(Complete)Where stories live. Discover now