part 29(Uni)

5.8K 354 18
                                    


Unicode

နာရီ လက်တံ တချပ်ချပ် မြည်သံနဲ့အတူ မင်းခ ဝရန်တာမှ လှမ်းကြည့်ကာ စောင့်နေသော်လည်း မှိုင်း ပြန်လာသည့် အရိပ်အယောင် မတွေ့ရ၍ ကျွတ်စ်ခနဲ စုတ်သတ်လိုက်ကာ ဖုန်း နံပါတ်တစ်ခုကို ခေါ်ဖို့ ပြင်နေစဉ် မင်းခတို့ လမ်းထဲ ဝင်လာသော အနက်ရောင် ကားတစ်စီးကြောင့် မင်းခ အိမ်ပေါ်မှ ခပ်သွက်သွက် ဆင်းလာလိုက်သည်။

မီးဖိုခန်းထဲဝင်ကာ ကောင်မလေးများကို ညစာ အမြန်ပြင်ရန် မှာပြီး အိမ်အပြင် ထွက်လိုက်စဉ် မြင်လိုက်ရသော မြင်ကွင်းကြောင့် မင်းခ ပြောစရာ စကားမဲ့သွား၏။

ကားပေါ်မှ ဝုန်းခနဲ ဆင်းလာကာ ကားတံခါးကို ဂျိန်းခနဲ ဆောင့်ပိတ်လိုက်သော မှိုင်း တစ်ကိုယ်လုံးမှာ သွေးလား ချွေးလား မသဲကွဲသည်အထိ စိုရွှဲနေပြီး ဝတ်ထားသော ရှပ်အင်္ကျီက အသားတွင် စိုပြီး ကပ်နေကာ လက်နှစ်ဖက်စလုံးက သွေးများရဲနေသည်။

"မှိုင်း…"

မင်းခ စိုးရိမ်စွာဖြင့် မှိုင်းကို ပြေးတွဲဖို့ ပြင်လိုက်သော်လည်း

"ရတယ် လေးငယ် ကျွန်တော် အဆင်ပြေတယ်။အပြင်မှာ ညစာစားလာတာမလို့ လာမခေါ်နဲ့တော့"

မှိုင်းက ထိုမျှသာ ပြောပြီး အိမ်ထဲသို့ ခပ်တည်တည်ဝင်ဖို့ ပြင်တော့ မင်းခ မှိုင်း လက်ကို လှမ်းဆွဲလိုက်ပြီး

"နေဦး။ဒဏ်ရာ ရလာလား ကြည့်ပါရစေဦး"

မှိုင်းက မင်းခလက်မှ ရုန်းထွက်ကာ

"ကျွန်တော် တကယ်ကို အဆင်ပြေတယ်"

တရွေ့ရွေ့ ထွက်သွားသော ကျောပြင်ကို မင်းခ ငေးကြည့်နေရင်း

"မှိုင်း ကိုယ်မင်းကို ချစ်လို့ အတင်းအကြပ်တောင် မသိမ်းယူခဲ့ဘူး။မင်းကိုယ့်ကို ဘယ်အချိန်အထိ မုန်းနေဦးမှာလဲ တစ်လလား တစ်နှစ်လား ဒါမှ မဟုတ် တစ်သက်လုံးလား။ကိုယ့်ကို ကြိုက်သလောက် မုန်းပါ ဒါပေမယ့် မင်းကိုယ်မင်း ထိခိုက်စေရ လောက်တဲ့အထိ မရွဲ့ပါနဲ့လား"

မင်းခ မျှော်လင့်ချက်မဲ့စွာဖြင့် တစ်ယောက်ထဲ တီးတိုး ရေရွတ်မိသည်။

မှိုင်း(Complete)Where stories live. Discover now