part 32

5.5K 339 7
                                    

မှိုင်း part 32 update 2.11.2021 2:30 AM

Unicode

သော်ကပန်းရုံကြီးရှေ့  smart ကျကျရပ်နေသော မှိုင်းလေး

တပ်ထားသည့် အနက်ရောင် Sunglasses ကြောင့် တောက်ပနေသည့် မျက်ဝန်းများကို ဖုံးကွယ်ထားသယောင် ဖြစ်နေသော်လည်း ခေါင်းမော့ကာ သွားစွယ်လေးများ ပေါ်သည်အထိ သဘောတကျ ရယ်မောနေသည့် ဟန်ပန်မှာ လုပ်ယူထားခြင်းမရှိပဲ သဘာဝဆန်ဆန် ရယ်မောနေသည့်ဟန်ဖြင့်

"Wow snap king"

မေဟက်ဆန် ရေးထားသည့် caption ကိုဖတ်ပြီး မင်းခရင်ထဲ မယိုးမယွ ခံစားလိုက်ရသည်။

*ဘာတွေပြောလိုက်တာမို့လို့ ဒီလောက်ထိ သဘောကျနေရတာလဲ။ပုံရိုက်ပေးတဲ့ မေဟက်ဆန်ကြောင့် မင်းခအပေါ် တစ်သက်နဲ့ တစ်ကိုယ် ပြုံးတောင် မပြုံးပြခဲ့ဖူးတဲ့ အပြုံးမျိုးကို သဘောတကျ ပြုံးပြနေတယ်ပေါ့လေ။အရမ်းကို ကြည်နူးနေတာပဲ*

ဒီတစ်လော မှိုင်းနှင့် မေဟက်ဆန် မှာ အနီးတဝိုက် နေရာများကို အလည်အပတ်သဘော သွားနေကြသည်မှာ အိမ်ပင်မကပ်။

‌ယနေ့လည်း မေဟက်ဆန်နှင့်အတူ မနက်အစောကတည်းက ကလောဘက် ဆင်းသွားပြန်သည်။ဗျိုက်တောင်၊ အိုးစည်တောင်၊နှီးဘုရား ဟိုနေရာ ဒီနေရာ နေရာစုံအောင် လည်ပတ်ကာ တင်လိုက်သော ပုံများမှာလည်း မင်းခကို ရွဲ့နေသလား ထင်ရလောက်သည်အထိကို ဆက်တိုက် တင်နေ၏။

ရုံးခန်းထဲထိုင်ကာ မနက်ကတည်းက ခေါင်းမဖော်နိုင်အောင် အလုပ်များနေသော မင်းခတစ်ယောက် နေ့လည်စာ စားချိန်တွင် လိုင်းဖွင့်ကြည့်လိုက်မှ ပို၍ သုန်မှုန်သွားရသည်။

Ring Ring

မင်းခ မျောက်မီးခဲ ဖင်ခုထိုင်မိထားသလို မယိုးမယွ ဖြစ်နေချိန်တွင် ဝင်လာသော ဖုန်းကိုကြည့်လိုက်တော့ ဦးမင်းမြတ်က ခေါ်နေခြင်း။မင်းခ ဟူးခနဲ လေပူမှုတ်ထုတ်ရင်း ဖုန်းကိုကိုင်လိုက်ပြီး

"ပြောပါ ကိုမင်းမြတ်"

တစ်ဖက်က ဦးမင်းမြတ်မှာ မင်းခ စိတ်ကို နားလည်နေသည့်အလား

"မှိုင်း ရောက်လာတယ် မင်းခ။မပြောမဆို ရောက်ချလာလို့ အံ့ဩနေတာ"

မှိုင်း(Complete)Where stories live. Discover now