part 16(Uni)

6K 435 31
                                    

မှိုင်း part 16 update 29.9.2021 7:55 PM

Unicode

ညမှောင်ရီပျိုးသည်နှင့် မှိုင်းတစ်ယောက် နေ့လည်က ဝယ်လာသော မီးပုံးနဲ့ ဆီမီးခွက်ကလေးများကို နေရာချရင်း တစ်အိမ်လုံး မီးလိုက်ထွန်းနေသည်။မှိုင်းတွင် ရှိသော အကျင့်တစ်ခုမှာ သီတင်းကျွတ် ရောက်ပြီဆိုလျှင် မီးကြိုး မဆင်ပဲ ဆီးမီးခွက်များ မီးပုံးလေးများကို တစ်အိမ်လုံးဆင်ကာ မီးထွန်းတတ်ခြင်းဖြစ်၏။

မင်းမြတ်က ဖယောင်းတိုင်လေးများဖြင့် အိမ်ထောင့် ဂျောင်ကြိုဂျောင်ကြားပါမကျန်အောင် မီးထွန်းနေသလို မင်းခကလည်း အလှမီးပုံးလေးများကို ကူချိတ်ပေးနေသည်။တအိမ်လုံး လင်းထိန်နေသည်ကို မှိုင်း ခြံဝမှ ငေးကြည့်လိုက်ပြီးနောက် အိမ်ထဲ အမြန်ဝင်ကာ နေ့လည်ကာ ဆိုဖာခုံပေါ်ပစ်တင်ခဲ့သော ဗြောက်အိုး အထုပ်လိုက်ကြီးကို ယူထွက်လာ၏။

မှိုင်း မကြီးမငယ်နဲ့ အသားကုန်ဆော့ကာ နားနှိပ်စက်တော့မည်ကို ကြိုသိနေသော မင်းမြတ်က အိမ်ထဲ ခပ်သွက်သွက် ပြန်ဝင်သွားဖို့ ပြင်နေစဉ်

"ကိုကိုလေး"

အသံပြဲကြီးနဲ့ အော်ကာ ပလိုင်းကိုလွယ်ရင်း ခြံထဲဝင်လာသော ထားနဲ့ သီဟတို့ မောင်နှမ နှစ်ယောက်ကြောင့် ဆော့ဖို့ပြင်နေသောမှိုင်း ကိုယ်ရှိန်သပ်လိုက်ရသည်။

"ထား ဘယ်လိုလုပ် ကလောရောက်နေတာလဲ လာလာ ဆိုင်ကယ်တွေကို ခြံထဲ မောင်းဝင်လိုက်"

မှိုင်းခြံတံခါးကို ဖွင့်ပေးရင်း ဆိုမိတော့ သီဟနဲ့ထားက ဆိုင်ကယ်များကို ခြံထဲအထိ မောင်းဝင်လာလိုက်၏။

"ဦးမင်းမြတ်နဲ့ ဦးမင်းခကို ကန်တော့မလို့ ဒီနေ့ ကလောဆင်းလာလိုက်တာ မနက်ဖြန်မနက်အစော တောင်ကြီးပြန်တက်ရမှာရယ်"

ထားက ဆိုင်ကယ်ပေါ်မှ ဆင်းကာ လွယ်ထားသောပလိုင်းကို မှိုင်းဆီသို့ ထိုးပေးလာသည်။

"ကလေးတွေ အထဲအရင်ဝင်ကြ"

အိမ်ထဲမှ မင်းမြတ် လှမ်းအော်လာ၍ မှိုင်းတို့ 4ယောက်အိမ်ထဲ ဝင်လိုက်သလို မင်းခကလည်း  ‌မှိုင်းတို့နောက်မှ လိုက်ဝင်လာ၏။မင်းမြတ်နဲ့ မင်းခက အိမ်အပေါ်ထပ် ဘုရားခန်းသို့ တက်သွား၍ သီဟနဲ့ မှိုင်းက နောက်မှ လိုက်တက်သွားကာ ထားနဲ့ယိင်းကတော့ ကိုယ့်အိမ်ကိုယ့်ယာအတိုင်း မီးဖိုချောင်ဘက်ဝင်ကာ မုန့်များပြင်ဆင် ရတော့သည်။

မှိုင်း(Complete)Where stories live. Discover now