part-9(Uni)

6.7K 492 10
                                    

မှိုင်း part 9

Unicode

ဧည့်ခန်းထဲရှိ ဆိုဖာခုံတွင် မှိုင်းကြုံ့ကြုံ့လေး ထိုင်ကာ ဇက်ကျိုးကျမတတ် ခေါင်းကို ငုံ့ထားရသည်။မှိုင်းနဲ့ မျက်နှာချင်းဆိုင်ခုံတွင် မင်းခ ထိုင်နေကာ မျက်မှောင်ကြုံ့ရင်း စီးထားသော necktie ကို စိတ်ရှုပ်ဟန်ဖြင့် ဆွဲဖြည်လိုက်ပြီး

"မပြောမဆိုနဲ့ ထွက်သွားတယ်။အဖျားပျောက်တာ မကြာသေးသလို လက်ကလည်း သက်သာသေးတာ မဟုတ်ဘူး။ဒါကို ဆိုင်ကယ်မောင်းပြီး မြို့ပတ်လိုက်သေးတာပေါ့လေ။မှိုင်း မင်းကိုအလိုလိုက်လွန်းလို့ ကိုယ့်အပေါ် အရိုအသေတန်လာတာလား"

ခပ်အေးအေး ပြော နေသော မင်းခ စကားကြောင့် မှိုင်းမျက်ရည်တို့ဝဲလာရသည်။ဒေါသထွက်ပြီး အော်ငေါက်လိုက်လျှင် တော်သေး၏။ယခုတော့ ဒေါသထွက်ဟန်မပြ မဆူမငေါက်ပဲ အေးစက်စက်သာ ပြောနေ၍  မှိုင်းအနေကြုံ့လာကာ

"ဟို… လေးငယ်က အလုပ်တစ်ဖက်နဲ့ မအားမလပ်ဆိုတော့ မှိုင်းဘာသာသွားလိုက်တာပါ။သီဟ တို့လည်းပါပါတယ်။ပြီးတော့ မှိုင်းကြောင့် လေးငယ် စိတ်ရှုပ်ရတာ များနေပြီလေ…"

"ကျွတ်စ်!"

မှိုင်းရဲ့ စကားအဆုံး မင်းခ 'ကျွတ်ခနဲ' စုတ်သတ်လိုက်ပြီး ဝုန်းခနဲ ထကာ မှိုင်းဆီသို့ တစ်လှမ်းချင်း လျှောက်လာ၍ မှိုင်း တဖြည်းဖြည်း လန့်လာသည်။မျက်နှာတစ်ခုလုံးမှာ ယခင်မြင်နေကြ ပုံစံများထက် ပို၍ အေးစက်နေပြီး မှိုင်းရဲ့ရှေ့တည့်တည့်တွင် ရပ်ကာ အေးစက်စက် အညိုရောင် မျက်ဝန်းများက မှိုင်း တစ်ကိုယ်လုံး အေးခဲသွားသည်ဟု ထင်ရလောက်အောင်ကို စူးစိုက်ကြည့်နေ၏။

မှိုင်း ထိုမျက်ဝန်းများကို ဆက်မကြည့်ရဲတော့ဘဲ မျက်နှာလွဲမိတော့ မင်းခက လက်မနဲ့လက်ညိုးကိုသုံး၍ မှိုင်းရဲ့ မေးဖျားလေးကို ပင့်ပြီးအကြည့်ချင်း ဆုံစေလိုက်သည်။ထို့နောက်

"ငါ့ကိုသေချာကြည့်စမ်း မှိုင်းရီဝေ။ငါက မင်းအတွက် ဘယ်လိုလူလဲ။ငါလုပ်နေသမျှ အလုပ်အားလုံးကလည်း မင်းရဲ့ အနာဂတ်အတွက်ချည်းပဲ။အချိန်တန်ရင် ငါ့အလုပ် ငါပိုင်ဆိုင်သမျှကို မင်းပဲဆက်ခံရမှာ။ငါကမင်းရဲ့ လက်ရှိအုပ်ထိန်းသူပဲ။မင်းကြောင့် ဆိုပြီး ငါ ညည်းညူ ခဲ့ဖူးသလား ငြူစူခဲ့ဖူးသလား မင်းနဲ့ပက်သက်သမျှ အသေးအမွှားကအစ ဂရုစိုက်ပေးရမှာက ငါ့တာဝန်ပဲ။မင်းဘယ်လောက်ပဲ ရင့်ကျက်ချင်နေပါစေ မင်းလုပ်နိုင်တဲ့အလုပ်က မင်းအတွက် အကန့်အသတ်ရှိတယ်။"

မှိုင်း(Complete)Where stories live. Discover now