မှိုင်း part 31 update 31.10.2021 11:30 AM
Unicode
ကျယ်ဝန်းလှသော ထမင်းစားခန်းထဲတွင် ဇွန်းသံ များအပ တိတ်ဆိတ်နေ၍ အိမ်အကူ မိန်းကလေးများပင် နေရခက်သလို ရှိလာ၏။
"ကြီးကြီး နောက်ကျနေပြီ စောစောနားပါ။ဒါတွေက ကျွန်တော်ပဲ သိမ်းလိုက်ပါ့မယ်"
ကြက်ဆီပြန်ဟင်းကို မင်းခ ပန်းကန်ထဲ ဦးချနေရင်း ပြောလာသော မှိုင်းစကားကြောင့် ဒေါ်နန်းယုက ခေါင်းညိမ့်ပြသလို ဘေးတွင် စောင့်ပေးနေသော ကောင်မလေး နှစ်ယောက်ကလည်း လစ်ခနဲ ပြေးထွက်သွားသည်။
ကြောင်စာ လောက်သာ စားနေသော မှိုင်းကို မင်းခ တစ်ချက် စိုက်ကြည့်ရင်း
"မကြိုက်လို့လား စားတာနဲတယ်"
မင်းခ စကားကြောင့် မှိုင်း ကြက်သားတုံးကို ဖဲ့နေရာမှ မော့ကြည့်လာပြီး
"ကျွန်တော် သိပ်မဆာလို့ပါ"
နှစ်ယောက်သား တို့တိတို့တိ စားပြီး၍ မှိုင်း ပန်းကန်များ သိမ်းနေစဉ် မင်းခက စားပွဲတွင် ကျကျနန ထိုင်ရင်း မှိုင်းကို မျက်တောင် မခတ်တမ်း ကြည့်နေသည်။
"ဘာလုပ် နေတာလဲ အပေါ်တက်ပြီး စောစောနားတော့ ဆေးသောက်ဖို့ မမေ့နဲ့"
မင်းခ အကြည့်များကို မသိသလို လုပ်ကာ ပြောလိုက်သော မှိုင်းကြောင့် မင်းခ အီလည်လည်ဖြင့် အခန်းထဲ ပြန်ရတော့သည်။
မှိုင်း ထမင်းစား စားပွဲကို သန့်ရှင်းရေး လုပ်ပြီး အိမ်ပေါ် ပြန်တက်လာသည့် အချိန်တွင်
"အိပ်ပါတော့ ကလေးရေ"
"အဟင့်…ဒယ် ဒယ်…"
မင်းရီဝေခလေးမှာ နို့ထိန်းကိုယ်ပေါ်တွင် ကော့ထိုး လန်ပြန်ရင်း ဂျီကျနေသည်။
"အူး ဝါး…ဒယ်…ဒယ်…အင့်…"
ညကြီးမိုးချုပ် အော်ငိုနေသော မင်းရီဝေခကို ချီကာ လှည့်ပတ်လျှောက်နေသော နို့ထိန်းနာနီ ဖြစ်သည့် နန်းကလျာ မှာလည်း ပင်ပန်းလွန်း၍ထင် မျက်လုံးတစ်ခုလုံး စင်းကျကာ ငိုက်ငိုက်ကျသွား၏။
*ရော် ဒီဦးမင်းခ သူ့ကလေးကို ပြီးပြီးရော ပစ်ထားတာပဲလား*
YOU ARE READING
မှိုင်း(Complete)
RomanceUnicode ရှမ်းပြည်နယ်က တောင်ပေါ်သားလေးတစ်ယောက် သူ့ရဲ့ မွေးစားဦးလေး ကပြားကိုမှ ချစ်မိသွားတဲ့အခါ နှင်းမြူတွေဆိုင်းပြီး ချယ်ရီတွေဝေနေတဲ့ တောင်တန်းမြေရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ကွယ်။တောင်တန်းမြေကို ချစ်တယ်။ချယ်ရီပန်းတွေကို ချစ်တယ်။ ပြီးတော့ ခေါပုတ်သ...