part 27(Uni)

6.1K 385 47
                                    

မှိုင်း part 27 update 24.10.2021 7:15 PM

Unicode

မှိုင်း Kudos မှ မုန့်တချို့ ဝယ်ရင်း မင်းခ အလုပ်နှင့် လမ်းကြုံနေ၍ ခဏဝင်ရန် စိတ်ကူး လိုက်ကာ ရုံး တံခါးပေါက်မှ ခပ်တည်တည်ဝင်ပြီး မင်းခ ရုံးထိုင်မည့် အပေါ်ဆုံးအထပ်ကို တက်လာလိုက်၏။

"ဟဲ့ အဲ့တစ်ယောက်က ချောလိုက်တာ boss ရဲ့ ကောင်မလေးများ လားနော်"

"ဖြစ်နိုင်တယ်ဟဲ့ နှစ်ယောက်သား လိုက်ဖက်ညီနေရောပဲ။ဒီကို နေ့တိုင်းလိုလို ရောက်လာတာ တစ်ပတ်လောက်ရှိနေပြီ"

"ငါတို့ boss ဒီမှာ အလုပ်လုပ်တာတောင် မကြာသေးဘူး။စွံတော့မှာလား"

ဓာတ်လှေကားနဲ့ မလှမ်းမကမ်းတွင် တီးတိုး သဖန်းပိုးနေသော မချော5ယောက်ဆီကို မှိုင်း ခပ်တည်တည်ဖြင့် သွားလိုက်ပြီး

"ဟိုလေ လေးငယ် အထဲမှာရှိလားမသိဘူးဗျ"

သွားစွယ်လေးများ ပေါ်သည်အထိ ပြုံးရင်း မေးလာသော smartကျကျ လူငယ်လေး တစ်ယောက်ကြောင့် 5ယောက်လုံး တိတ်ကျသွားကာ မော့ကြည့်လာကြသည်။

ထိုအခါမှ မှိုင်းက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်ကာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး

"ဟို ဦးမင်းခ ကိုပြောတာပါ။ကျွန်တော့်ကို မမှတ်မိကြဘူးလားဟင်။ကျွန်တော်တို့ တန်ဆောင်တိုင်တုန်းက ဆုံကြသေးတယ်လေ"

ထိုအခါမှ 5ယောက်စလုံးက ပြုံးရယ်ရင်း

"ဪ မှတ်မိပြီ bossရဲ့တူ မှိုင်းလေးမလား"

"Bossက သူ့တူကို တုန်နေအောင် ချစ်ပြီးအလိုလိုက်တာနော်"

"Boss အထဲမှာရှိတယ် မောင်လေး မ အကြောင်းကြား…"

"ဟို ရတယ်ခင်ဗျ မမမြဇာခြည်လည်း ရောက်နေတာမလား။ကျွန်တော် ဝင်သွားလိုက်မယ်။လမ်းကြုံလို့ မုန့်လာပို့တာပါ။ဒါက မမတို့ဖို့နော်"

မှိုင်း စကားကို အမြန်ဖြတ်ပြောကာ ဝယ်လာသော မုန့်ထုပ်ကို သွားစွယ်လေးများ ပေါ်သည်အထိ ပြုံးရင်း လှမ်းပေးလိုက်တော့ ရှက်ကိုး ရှက်ကန်းဖြင့် လှမ်းယူကြသည်။

မှိုင်း(Complete)Donde viven las historias. Descúbrelo ahora