part 14(Uni)

6.5K 437 35
                                    

မှိုင်း part 14 update 27.9.2021  9:15 PM

Unicode

"တောပန်းကလေးများနဲ့
လှချင်တိုင်း လှနေပါတဲ့
လမ်းကလေး ကွေးကောက်ရာ
ဘေးနှစ်ဖက်မှာ…
အဆင်းအတက် ခရီးဆက်လို့
ဖြတ်ကျော် မြင်ကွင်းရှေ့ကို
တောင်ပြာတန်းတွေ ဆီးလို့နေ…"

ကားထဲတွင် ဖွင့်ထားသော လင်းခေးအဝင် သီချင်းက ရှေ့က မြင်ကွင်းများနှင့် ထပ်တူကျနေ၍ မှိုင်း ခပ်တိုးတိုးလေး လိုက်ဆိုမိသွားသည်။သီချင်းသံများကြားက စည်းချက်ကျကျ ဆိုညည်းသံလေးကြောင့် မင်းခ ဘေးကို မသိမသာ စောင်းကြည့်လိုက်တော့ လေသံအေးအေးလေးဖြင့် စည်းချက်ကျကျ လိုက်ဆိုနေသော မှိုင်းလေးကြောင့် မင်းခ သီချင်းရဲ့ အဓိပ္ပါယ်လေးကို သေချာနားထောင်ကြည့်ရင်း သဘောတကျပြုံးမိသွား၏။

ယခု သီတင်းကျွတ် ကျောင်း 5ရက်ပိတ်၍
မင်းခနဲ့ မှိုင်း ကလောသို့ ပြန်ဆင်းလာကြခြင်းဖြစ်သည်။

"မှိုင်း ဟိုကောင်လေးနဲ့ ကောင်မလေးက မပြန်ဘူးလား"

မင်းခ အမေးကြောင့် မှိုင်း ခေါင်းလေးစောင်းကာကြည့်လာပြီး

"သူတို့က မနက်အစောကြီးကတည်းက
ဆိုင်ကယ်နဲ့ ဆင်းသွားပြီ လေးငယ်"

"အဆင်းလမ်းကို နှစ်ယောက်ထဲ ဖြစ်ရဲ့လား"

"ဖြစ်ပါတယ် မှိုင်းတို့ တောင်ကြီးနဲ့ ကလောက မကြာခဏ အသွားအလာ လုပ်နေကြပါ။ဒါနဲ့ချာချာ ငြိမ်နေပါလား"

မှိုင်း ကားနောက်ခန်းက ချာချာကိုလှည့်ကြည့်လိုက်တော့ တစ်ဝက်အထိ ချထားပေးသော ကားမှန်ပေါ် လက်ကလေးထောက်ကာ ဟိုကြည့်ဒီကြည့် ဖြင့် ပျော်နေဟန်

"သူ ဟိုမှာတုန်းက ခြံထဲပဲ နေရတာများပြီး တောတွေ တောင်တွေဘက် မရောက်ဖူးလို့ ပျော်နေတာ"

"လေးငယ် ဘဝသံသရာ တံတားနားရောက်ရင် ခဏ ရပ်ပေးနော် အဲ့တံတားဖက် ခဏ ဖြတ်လျှောက်ချင်လို့"

"ဟုတ်ပါပြီကွာ"

မင်းခတို့ တောင်ပေါ်က စစခြင်း ဆင်းလာချိန် အဆင်းလမ်းတွင် မြူများဆိုင်းကာ အေးနေသော်လည်း အေးသာယာအကျော်သို့ ရောက်သောအခါ နေအတော် ပွင့်လာပြီဖြစ်၍ ဝတ်လာသော ထူထူထဲထဲ အနွေးထည်တို့ကို ချွတ်လိုက်ရသည်။

မှိုင်း(Complete)Where stories live. Discover now