part 17(Uni)

6.1K 367 12
                                    

မှိုင်း part 17 update 1.10.2021 8:45 PM

Unicode

"ကောက်ညင်းပေါင်း ပဲပြုတ်…!"

မနက်စောစောစီးစီး မြူမကွဲသေးသည့်အချိန်တွင် ကြားလိုက်ရသော ပဲပြုတ်သည် သံကြောင့် မင်းခ နိုးလာသည်။မျက်လုံးများဖွင့်လိုက်စဉ်တွေ့လိုက်ရသည်က မင်းခ ရင်ခွင်ထဲတွင် ကြွက်ပေါက်လေးလို ကွေးကာ အိပ်မောကျနေသော မှိုင်း။

မျက်လုံးများ မှိတ်ထား၍ ခပ်ဝိုင်းဝိုင်းမျက်ဝန်းများကို မမြင်ရတော့ပဲ အဲဒီအစား ခပ်ထူထူ ကော့ညွှတ်နေသော မျက်တောင်ရှည်ကြီးများကို သေချာမြင်နေရသည်။

ခပ်သွယ်သွယ်မျက်နှာ ခပ်ချွန်ချွန် နှာခေါင်း နှုတ်ခမ်းပါးပါးတို့နှင့် မှိုင်းရဲ့ ပုံစံမှာ ယခုခေတ် ပျိုမဒီများရဲ့ boyfriend typeမျိုးဖြစ်၏။
မင်းခ မှိုင်းရဲ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်လို့ ဝမှ မှိုင်းကို ရင်ခွင်ထဲက ထုတ်ကာ အိပ်ယာပေါ် အသာအယာ ချပေးပြီးမှ မှိုင်းရဲ့ နဖူးလေးအား ခပ်ဖွဖွနမ်းလိုက်ကာ မင်းခ အခန်းသို့ ပြန်ရန် ပြင်လိုက်စဉ် အင်းခနဲ တစ်ချက် ညည်းညူကာ မျက်လုံးလေးပုတ်ခတ်ပုတ်ခတ် လုပ်နေပြီး လက်ဖြင့်ပွတ်သပ်ကာ နိုးလာသော မှိုင်း။

မှိုင်း ပျင်းတိပျင်းရွဲဖြင့် အပျင်းကြောဆန့်လိုက်ကာ ဝါးခနဲ တစ်ချက်သန်းလိုက်ပြီးမှ

"အယ် လေးငယ် မနေ့က အခန်းမပြန်ဘူးလား။အစောကြီးနိုးနေတာပဲ။နိုးလက်စနဲ့ လမ်းထလျှောက်ကြမလား"

မျက်လုံးကို လက်ဖြင့်ပွတ်ကာ မင်းခကို လှမ်းမေးနေသော ခေါင်းစုတ်ဖွားနဲ့ မှိုင်းကြောင့် မင်းခ စိတ်ထဲ ဆွဲမွှေ့ ပစ်ချင်စိတ်များ ဖြစ်လာသည်။

"အနွေးထည် ထူတာ ဝတ်ခဲ့"

မင်းခ ထိုမျှသာ ပြောပြီး အခန်းဘက်သို့ ပြန်လာလိုက်၏။ထို့နောက် ကိုယ်လက်သန့်စင်ခြင်းကို ခပ်သွက်သွက် လုပ်လိုက်ပြီး အားကစားဝတ်စုံကိုလဲကာ ထွက်လာတော့ မှိုင်းကလည်း အခန်းထဲမှ အချိန်ကိုက်ထွက်လာသည်။

မှိုင်း အောက်ထပ်မဆင်းခင် မင်းမြတ်အခန်းထဲ ဝင်ကြည့်လိုက်တော့ အိပ်မောကျနေသော မင်းမြတ်ကြောင့် မှိုင်း နှိုးမနေတော့ပဲ တံခါးကို အသာအယာပိတ်လိုက်ပြီးမှ ပြန်ထွက်လာခဲ့လိုက်၏။

မှိုင်း(Complete)Where stories live. Discover now