မှိုင်း part 25 update 20.10.2021 1:15 PM
Unicode
တီရှပ် အင်္ကျီနဲ့ ပုဆိုးကွက်စိတ်ဖြင့် ပေါ့ပေါ့ပါးပါးဝတ်ထားသော Dလေးမှာ ယခင်လို ဂျစ်တီးဂျစ်ကန် အရိပ်အယောင်များ ပျောက်ကွယ်၍ ရှိရင်းစွဲထက် ပိုပြီးလူငယ်ဆန်သယောင် ထင်ရပြီး မင်းမြတ် ကုတင်ပေါ်ရှိ စောင်ပုံကြားထဲ တိုးဝင်နေသည်။
မင်းမြတ် ရေပတ်တိုက်ပေး လိုက်သော်လည်း အပူမကျလာပဲ ပိုပြီးပူတက်လာသည်မှာ မင်းမြတ်ဆီသို့ အပူငွေ့ လာဟပ်သည်အထိ။ညကြီးမိုးချုပ်ဖြစ်သည့် အပြင် လပြည့်ညဖြစ်၍ ဘယ်ဆရာဝန်ကိုမှ ခေါ်လို့ရမည်မဟုတ်မှန်း မင်းမြတ် သိနေ၍ အခက်တွေ့နေသည်။
မင်းမြတ် သက်ပြင်းချလိုက်ပြီး Dလေးရဲ့ တီရှပ် အင်္ကျီကို ဆွဲချွတ်ကာ ရေချိုးခန်းထဲ ပွေ့ခေါ်လာပြီးနောက် ရေဖြည့်ထားသော bathtub ထဲ ချပေးလိုက်၏။
"အချစ်!"
မင်းမြတ် ရှေ့တွင် bathtubထဲ လဲလျောင်းနေသော ချစ်ရသူရဲ့ ပုံရိပ်လေးကို ပြန်မြင်ယောင်လာ၍ မင်းမြတ် မျက်ဝန်းများက ငွေ့ရည်ဖွဲ့လာကာ
"မောင် သူက မောင်နဲ့ အရမ်းတူတယ်…"
မင်းမြတ် အတွေးများကြား နစ်မြောရင်း Dလေးကို bathtubထဲ ထည့်ထားတာ အချိန်အတော်ကြာပြီ ဖြစ်၍ ခေါင်းမစိုစေရန် ဂရုတစိုက် ပြန်သယ်ထုတ်ပြီး မင်းမြတ် အဝတ်အစားများ လဲပေးပြီးသည်အထိ Dလေးမှာ နိုးမလာသေး။
"မား…မာမီ…လွမ်းတယ်"
Dလေး နှုတ်ဖျားမှ တိုးဖျော့ဖျော့ ထွက်လာသော စကားတို့ကြောင့် မင်းမြတ် စိတ်မကောင်းဖြစ်သွားကာ မှိုင်းနဲ့ တအားရင်းနှီးနေတဲ့ အကြောင်းအရင်းကို နားလည်သွားရသည်။မှိုင်းကော ဒီကောင်လေးကော ဘဝတူအချင်းချင်းမို့ မှိုင်းက လက်ပွန်းတတီး နေကာ ရင်းနှီးနေခြင်း ဖြစ်၍ မင်းမြတ် စိတ်အေးသွားရ၏။
ကိုယ့်တူကို အပေါင်းအသင်းမှားမှာ စိုးရိမ်သည့် စိတ်ဖြင့် Dလေးအပေါ် အမြင်မကြည် ဖြစ်ခဲ့တာကို တွေးမိသွားကာ မင်းမြတ် အားနာမိသွားသည်။
မင်းမြတ် Dလေးရဲ့ နဖူးကို စမ်းကြည့်လိုက်တော့ ကိုယ်ပူကျနေပြီဖြစ်၍ လက်ပြန်ရုတ်ဖို့ပြင်လိုက်သော်လည်း Dလေးက မင်းမြတ်လက်ကို လှမ်းဆွဲပြီး မင်းမြတ်လက်ကို သူ့မျက်နှာဖြင့် ပွတ်သီးပွတ်သတ် တိုးဝှေ့နေသည်။မင်းမြတ် နေရခက်လာကာ ရုန်းလိုက်သော်လည်း လက်ကိုမလွတ်တမ်း ကျစ်နေအောင် ဖက်ကာ ညည်းညူနေ၍ မင်းမြတ်လက်ကို အသာလေး ဆွဲထုတ်ကာ Dလေး ဆံပင်ကို အသာဆွဲဖွကာ သပ်ပေးလိုက်မှ ငြိမ်ကျသွားတော့၏။
YOU ARE READING
မှိုင်း(Complete)
RomanceUnicode ရှမ်းပြည်နယ်က တောင်ပေါ်သားလေးတစ်ယောက် သူ့ရဲ့ မွေးစားဦးလေး ကပြားကိုမှ ချစ်မိသွားတဲ့အခါ နှင်းမြူတွေဆိုင်းပြီး ချယ်ရီတွေဝေနေတဲ့ တောင်တန်းမြေရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ကွယ်။တောင်တန်းမြေကို ချစ်တယ်။ချယ်ရီပန်းတွေကို ချစ်တယ်။ ပြီးတော့ ခေါပုတ်သ...