မှိုင်း part 11
23.9.2021 update 6:51PM
ဒီအပိုင်း ဖတ်မယ်ဆိုရင် media က သီချင်းလေး ဖွင့်ပြီးနားထောင်ကြည့်ပါနော်♥️
Unicode
မင်းခ အိမ်အပြန်လမ်းရှိ စတိုးဆိုင်လေးတစ်ခုတွင် ကားရပ်ပေးလိုက်တော့ မှိုင်း ကားပေါ်မှ ဆင်းပြေးကာ ဦးတည်လိုက်သည်မှာ ကိတ်မုန့်တန်းသို့။တစ်ဆိုင်လုံးကို 3ပတ်လောက်ပတ် ကြည့်နေပြီး ရွေးလို့ ဝသွားဟန်ဖြင့် မနိုင်မနင်း မုန့်ထုပ်များကို ကောင်တာဆီသို့ ယူသွားနေ၍ မင်းခ မနေသာတော့ဘဲ ကားပေါ်မှ ဆင်းကာ သွားကူပေးလိုက်ရသည်။
မုန့်ထုပ်များကိုကြည့်ပြီး မင်းခ ဘုရားတ မိနေစဉ် မှိုင်းလေးကတော့ ပိုက်ဆံရှင်းပြီး ခပ်တည်တည်နဲ့ ကျန်ကျောင်းအိတ်အကြီးနှစ်လုံးနဲ့ အပြည့်ဖြစ်နေသောမုန့်ထုပ်များကို မနိုင်မနင်း မ သွား၍ အမြင်မတော်သော မင်းခ ပြေးသယ်ပေးလိုက်ရ၏။
"စားလို့ကုန်ပါ့မလား မှိုင်းလေးရယ် ဝယ်လာသမျှကလည်း ပေါင်မုန့်အစို ကိတ်မုန့်အစိုတွေချည်းပဲ"
မင်းခ စကားကြောင့် မှိုင်းတစ်ယောက် မုန့်ထုပ်များကို ကားနောက်ခန်းတွင်ထည့်နေရာမှ စောင်းကြည့်လာပြီး
"ရပ်ကွက်ထဲက ကလေးတွေကို ကျွေးဖို့ပါ။ကျွန်တော်က snacks တွေ ready made မုန့်တွေထက် မြန်မာလက်လုပ်မုန့်တွေကို ပိုကြိုက်တာ"
မှိုင်းလေးစကားကြောင့် မင်းခ ပြုံးလိုက်မိပြီး
"ဟက်…ချစ်ဖို့ကောင်းတယ်"
မင်းခ တီးတိုးရေရွတ်မိတော့
"ဟမ်…ဘာပြောလိုက်တာလဲ လေးငယ်"
မှိုင်းလေးမှာ lover seatတွင် ဝင်ထိုင်လိုက်ပြီး မျက်လုံးဝိုင်းလေးများဖြင့် မေးလာသောကြောင့် မင်းခ ရေဘူးတစ်ဘူးကို ဆွဲကာ မော့သောက်လိုက်ပြီးမှ
"သွားစရာရှိသေးလားလို့ မေးတာ"
မှိုင်းလေးမှာ ခေါင်းကိုစောင်းငဲ့ရင်း ခေါင်းခါပြလာ၍ မင်းခ အိမ်သို့သာ တန်းတန်းမတ်မတ် ပြန်လာလိုက်သည်။
ပြန်ရောက်သည်နှင့် နေ့လည်စာစားပြီး မင်းခက အလုပ်ကိုပြန်သွား၍ မှိုင်းလေးတစ်ယောက်ထဲသာ အိမ်တွင်ကျန်ခဲ့၏။လုပ်စရာအလုပ်ဟူ၍ အထွေအထူးရှိမနေ၍ မှိုင်း ပျင်းပျင်းနဲ့ ဖုန်းပွတ်လိုက် မုန့်စားလိုက်ဖြင့် အချိန်ဖြုန်းရတော့သည်။
YOU ARE READING
မှိုင်း(Complete)
RomanceUnicode ရှမ်းပြည်နယ်က တောင်ပေါ်သားလေးတစ်ယောက် သူ့ရဲ့ မွေးစားဦးလေး ကပြားကိုမှ ချစ်မိသွားတဲ့အခါ နှင်းမြူတွေဆိုင်းပြီး ချယ်ရီတွေဝေနေတဲ့ တောင်တန်းမြေရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ကွယ်။တောင်တန်းမြေကို ချစ်တယ်။ချယ်ရီပန်းတွေကို ချစ်တယ်။ ပြီးတော့ ခေါပုတ်သ...