Part 41(Uni)

5.9K 310 11
                                    

မှိုင်း part 41

ဖြူလွလွ သဲသောင်ပြင်ပေါ် ဖြတ်လျှောက်ရင်း ပြာလဲ့လဲ့ ရေပြင်ကျယ်ကြီး ရှိရာသို့ မျက်နှာမူလိုက်မိသည်။ကမ်းစပ်သို့ လာရောက်ပုတ်ခတ်နေသော လှိုင်းများမှာ ခြေထောက်ဖြူဖြူ တစ်စုံအား ကလူကြည်စယ်သည့်ဟန်ဖြင့် ညင်ညင်သာသာ ပုတ်ခတ်ကာ ရေပြင်ကျယ်ကြီးထဲ ပြန်လှိမ့်ဆင်းသွား၏။

အဆုံးအစမဲ့သော ပြာလဲ့လဲ့ ပင်လယ်ပြင်ကြီးကို ငေးမောနေမိစဉ် ခါးသွယ်သွယ်တို့အား ဖက်တွယ်လာသော ကျစ်လစ် ခိုင်မာသည့် လက်တစ်စုံကြောင့် မှိုင်း ဆတ်ခနဲ တွန့်သွားမိသည်။

"ကိုယ်နိုးလာတော့ ငယ်က ကိုယ့်ဘေးမှာ ရှိမနေဘူး။ကိုယ့်ကို လန့်အောင် လုပ်ရတာ ပျော်ရဲ့လား အဆိုးလေး"

မှိုင်း နားရွက်ဖျားကို ထိကပ်လုမတတ် တိုးကပ်ကာ ပြောနေသူကြောင့် မှိုင်း နားရွက်ပင် ယားကျိကျိ ဖြစ်လာသလို ခံစားလိုက်ရသည်။

"ဘယ်ကို ထွက်ပြေးနိုင်မှာမို့လဲ။ကျွန်တော့်မှာ ထပ်ပြေးစရာ အိမ်မှ မရှိ…အ့…"

မှိုင်းကို နောက်မှ သိုင်းဖက်ရင်း ဂုတ်ပိုးစပ် လည်တိုင်ကျော့ကျော့တို့ကို တရှုံ့ရှုံ့ နမ်းနေသော မင်းခမှာ မှိုင်း လည်ပင်းကို ရုတ်တရက် ကိုက်ချပစ်၍ မှိုင်း ရုန်းထွက်ဖို့ပြင်လိုက်သော်လည်း ခါးကိုကျစ်နေအောင် ဖက်ထားသော လက်တစ်စုံကြောင့် မှိုင်းမှာ မလူးမလွန့်သာ။

"ဖယ်စမ်း ခင်ဗျားက ခွေးလား"

မင်းခ ဖြူဥနေသော လည်တိုင်ကို ကိုက်ခဲပစ်ပြီးမှ သွားရာကြီး ထင်းနေသော နေရာကို ရွှတ်ခနဲ နမ်းလိုက်သည်။

"ကိုယ့်ရဲ့ အိမ်ကလည်း ငယ့်ရဲ့အိမ်ပဲ။ဒီလိုစကားတွေ ထပ်မပြောနဲ့တော့"

မင်းခ မှိုင်းကိုယ်လေးကို ဆွဲလှည့်ကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်မိ၏။

"အင်း ကျွန်တော့်မှာ လေးငယ်ပဲ ရှိတော့တာ"

မှိုင်းက မင်းခကို ပြန်လည် ဖက်တွယ်ရင်း ဆိုလာ၍ မင်းခ မှိုင်း နဖူးလေးကို ငုံ့နမ်းလိုက်သည်။မှိုင်းက ရုတ်တရက် မင်းခ လည်ပင်းကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်ကာ ဆွဲယူလိုက်၍ မင်းခ ခါးအနည်းငယ် ကိုင်းသွား၏။

မှိုင်း(Complete)Where stories live. Discover now