ပျောက်နေတာလည်းအချိန်အတော်ကြာပြီဆိုတော့ မေ့နေကြရောပေါ့။အခုအကစ်ပြန်လာရတာက အကုန်လုံးကို သတင်းလေးတစ်ခု ပြောပြစရာရှိလို့ပါ။မှိုင်းလေးကို ထုတ်ဖို့ တိုက်တစ်ခုနဲ့လက်တွဲထားတယ်ဆိုတာ သိတဲ့သူတွေလည်း သိကြမှာပါ။အခုလထဲက စပြီး အလုပ်တွေပြန်စ နေပါပြီ မကြာခင်အချိန်လေးအတွင်းမှာ မှိုင်းနဲ့ ပက်သက်တာလေးတွေ အချက်အလက်လေးတွေ ချပြသွားမယ်လို့ ရည်ရွယ်ထားပါတယ်။အောက်က အကစ်ရဲ့ fb acc လေးပါ စာအုပ်နဲ့ ပက်သက်တဲ့ အကြောင်းအရာလေးတွေ သိချင်တယ် ဆွေးနွေးချင်တယ်ဆိုရင် အကစ်ဆီ လာတိုင်ပင်လို့ရပါတယ်ရှင့်။ပြီးတော့ နောက်တစ်ခုက personal ကိစ္စလေးပြောပြချင်လို့ပါ။အကစ်အကြာကြီး ပျောက်နေရတဲ့ ကိစ္စက အခုလအတွင်းမှာ အကစ်အလုပ်ဝင်နေရပါတယ်။အသက်၂၀ကျော်အရွယ်ယောင်ပေပေနဲ့ နေလို့မဖြစ်တာမို့ အလုပ်ဝင်လိုက်တာပါ။အဲ့နောက်ပိုင်း အရင်လို အချိန်မရတာရယ် တနေ့တနေ့ အလုပ်ဝင် ပြန်လာ အိပ်စားနဲ့သံသရာ လည်နေတော့ စာရေးဖို့ အချိန်မရတော့ပါဘူး။Author ဘဝကနေ နားမယ်လို့ စိတ်ကူးထားပေမယ့်လည်း ကိုယ်တကယ်ကို ဝါသနာပါတဲ့အရာမို့ မစွန့်လွှတ်နိုင်ပါဘူး။အခုတော့ လကုန်ရင် အိမ်ကဆိုင်ရယ် အိမ်ကိစ္စတွေရယ် ဦးစီးဖို့ အိမ်ကပြန်ခေါ်နေတာဖြစ်တဲ့အတွက် အလုပ်က နားရတော့မှာပါ။အရင်လိုပဲ အချိန်ပြန်ရတော့မှာမလို့ အရင်လိုတော့ စာတွေ ပြန်ရေးနိုင်ပါပြီ။ကိုယ့်ရဲ့ ပါချီပါချက် အရေးအသားလေးတွေကို အားပေးတဲ့သူတွေရှိတာ အရမ်းဝမ်းသာမိတယ်။တချို့ဆိုmessage boxလေးတွေအထိ တကူးတက လာမေးကြတယ်။အဲ့လိုအချိန်တိုင်း အကစ်အရမ်းအားနာရပါတယ်။ကိုယ့်ဘက်က ဂတိမတည်သလို ဖြစ်ခဲ့တာကို။ပြီးတော့ ကိုယ့်ရဲ့ readerလေးတွေကို ပြောချင်တာက အကစ်မှာ ဘာကိစ္စ ဘာအခက်အခဲ ဘာအကြောင်းပဲ ရှိနေပါစေ အကစ်ရေးထားသမျှ ficလေးတွေကို မun ပါဘူးလို့ ဂတိပေးပါတယ်။ကိုယ့်မြတ်နိုးရာလေးကို ဆုံးရှုံးရတဲ့ခံစားချက်မျိုး အကစ်ခံစားဖူးတယ် သိခဲ့တာမို့ un ပစ်လိုက်တာမျိုးမလုပ်ဘူးလို့ ဆုံးဖြတ်လိုက်တာပါ။ဒီ Wattpad acc ဒီထဲရှိသမျှ ficတွေက အကစ်မသုံးတော့ရင်တောင်မှ ဆက်ပြီးရှိနေဦးမှာပါ။ဒီ applicationကြီးတည်မြဲနေသ၍ မဖျက်ဘူးလို့ ဂတိပေးပါတယ်။ကဲ စာလည်းအတော်ရှည်ပြီမို့ ဒီနေ့အတွက်တော့ တော်သေးပြီလေနော်။အောက်က အကစ်ရဲ့အကောင့်ပါရှင့်
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
![](https://img.wattpad.com/cover/279939126-288-k734227.jpg)
YOU ARE READING
မှိုင်း(Complete)
RomanceUnicode ရှမ်းပြည်နယ်က တောင်ပေါ်သားလေးတစ်ယောက် သူ့ရဲ့ မွေးစားဦးလေး ကပြားကိုမှ ချစ်မိသွားတဲ့အခါ နှင်းမြူတွေဆိုင်းပြီး ချယ်ရီတွေဝေနေတဲ့ တောင်တန်းမြေရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ကွယ်။တောင်တန်းမြေကို ချစ်တယ်။ချယ်ရီပန်းတွေကို ချစ်တယ်။ ပြီးတော့ ခေါပုတ်သ...