Part 8(Zawgyi)

318 17 0
                                    

မှိုင်း Part-8

Zawgyi

နောက်တစ်နေ့ မနက်ခင်းတွင် မှိုင်းတို့ 3ယောက် ကျူရှင်သွားအပ်ဖို့ စောစောထွက်လာလိုက်သည်။

မှိုင်းတို့ ပထမနှစ်များမှာ ကျူရှင်စာသင်ချိန် မနက် 8နာရီဖြစ်၍ သုံးယောက်သား မျက်နှာရှုံ့မဲ့ သွားကာ

"သေပါပြီကွာ ဒီမှာ အတိုးချ အိပ်မယ် စိတ်ကူးထားမှ မနက်အစောပိုင်းစာသင်ချိန်ကြီးတဲ့လား"

ကျူရှင်အပ်ပြီး ပြန်ထွက်ထွက်လာခြင်း သီဟ တွန့်လိန်ကာ ပျင်းတိပျင်းရွဲ ပြောသောစကားကြောင့် ယိင်းနဲ့ မှိုင်း ပြုံးမိသွားကြသည်။

"အခု ဘယ်သွားကြမလဲ"

မှိုင်းစကားစတော့ သုံးယောက်သား ခေါင်းချင်းဆိုင်ပြီး စပ်ဖြဲဖြဲ မျက်နှာထားဖြင့်

"ကဲ ဗိုက် အရင်ဖြည့်မယ် ပြီးတာနဲ့ ရုပ်ရှင် သွားကြည့်ရအောင်"

ယိင်းစကားကို သီဟနဲ့ မှိုင်းလည်း ထောက်ခံလိုက်ပြီး သုံးယောက်သား Oceanဘက်သို့ သီဟက မှိုင်း ဒဏ်ရာကြောင့် မှိုင်းဆိုင်ကယ်ကို မောင်းပေးကာ ယိင်းက ဆိုင်ကယ်တစ်စီးဖြင့် နောက်မှ လိုက်လာသည်။

Ocean ရောက်သည်နှင့် အစားအသောက်ထပ်သို့တက်ပြီး 3ယောက်သား တစ်ထပ်လုံး ပတ်မွှေကာ

"ငါက ကြက်သံပုရာပေါင်းနဲ့ထမင်း စားမယ်ကွာ မင်းတို့နှစ်ယောက်က ဘာစားမလဲ"

သီဟအမေးကို ယိင်းက KFCဘက် မေးဆတ်ပြသလို မှိုင်းကလည်း

"ငါလည်း ကြက်သံပုရာပေါင်းနဲ့ ထမင်း ဒိန်ချဉ်လေးကော"

မှိုင်းအစား သီဟပင် သွားကျိန်းသလို ခံစားလိုက်ရသည်။

"ဘယ့်နှယ် ကြက်သံပုရာပေါင်းနဲ့ ဒိန်ချဉ်တဲ့ ဟဲ့ ဟိုတစ်ယောက်ကလည်း ကြက်ကြော်ကြီး စားမလို့လား"

သီဟရဲ့ ခပ်ဆူဆူ အပြောကို ဂရုမစိုက်ပဲ ယိင်းတစ်ယောက် ဘလင်းဘလင်း မျက်ဝန်းများဖြင့်

"ဟဲ့ ကောင်တာက တစ်ယောက်က အချောလေးဟ မှိုင်း လိုက်ကူဦး လူအများကြီး ငါတစ်ယောက်ထဲ တန်းမစီရဲဘူး"

မှိုင်း(Complete)Where stories live. Discover now