part 43(Uni)

7.7K 330 16
                                        

မှိုင်း part 43

Ring Ring Ring

ခုံပေါ်တင်ထားသော ဒီလေးဖုန်းသံကြောင့် မင်းမြတ် ကုတင်ပေါ်မှဆင်းကာ ဖုန်းကိုယူလိုက်သည်။

ဝင်လာသော Contact nameကို ကြည့်လိုက်ပြီး မင်းမြတ် နှုတ်ခမ်းထက်မှ ခပ်မဲ့မဲ့ အပြုံးတစ်ခု ဖြစ်တည်လာကာ ဖုန်းလက်ခံလိုက်ပြီးနောက်

"ဦးစိုင်းသူရ ခင်ဗျားရဲ့တူလေးက လောလောဆယ် ဖုန်းမပြောနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်နေတယ်။ဘာများ စကားကြုံ ပါးပေးရမလဲ"

တစ်ဖက်မှ မျက်နှာကြီး နီရဲကာ ယူကြုံးမရ ဖြစ်နေမည့် ဦးစိုင်းသူရ၏ မျက်နှာကို မင်းမြတ် မြင်ယောင်လာပြီးနောက် မင်းမြတ် ဟက်ခနဲ ရယ်ချပစ်လိုက်သည်။
_________________________________________________

တိတ်ဆိတ်ငြိမ်သက်နေသော ဆိုင်လေး တစ်ခု သီးသန့်အခန်းထဲတွင် မျက်နှာချင်းဆိုင်ထိုင်နေသော လူနှစ်ယောက်ရဲ့ အခြေအနေမှာ တင်းမာလျက်။

"တောက်ခ်!"

"ခွေးကောင် ငါ့တူဘယ်မှာလဲ။"

ရှူးရှူးရှဲရှဲ ဖြစ်နေသော ဦးစိုင်းသူရက မင်းမြတ် အင်္ကျီကို ဆွဲပြီး အံတကြိတ်ကြိတ်ဖြစ်နေပုံကို မင်းမြတ် တစိမ့်စိမ့် အရသာခံကြည့်ရင်း

"ဘာတွေတွေးပူနေတာလဲ။ခင်ဗျားတူကို ဓားနဲ့ မသေမချင်း ထိုးသတ်မှာကြောက်နေတာလား။ကိုယ့်အလှည့်ကြမှ ကြောက်နေရလား ဦးစိုင်းသူရ။သူမသေသေးပါဘူး။သေတာထက်ဆိုးတဲ့ ခံစားချက်လေးပဲ ဖြစ်နေမှာ"

ဦးစိုင်းသူရ မျက်နှာတစ်ခုလုံး ပေါက်ထွက်မတတ် နီရဲလာပြီး မင်းမြတ်ကို ဆောင့်တွန်းပစ်ကာ

"သူ ဘယ်မှာလဲ"

မင်းမြတ် တွန့်ကြေသွားသော အင်္ကျီကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်လိုက်ပြီး

"စိတ်မပူပါနဲ့။ကစားလို့ဝတာနဲ့ ပြန်လွှတ်ပေးမှာပါ။သူ့ကို ခင်ဗျားရှာမတွေ့နိုင်မဲ့ တခြားနေရာတစ်ခုမှာ ခေါ်ထားတာမလို့ သျှန်မင်းခ အိမ်ကို သွားရှာရင်လည်း အချိန်ကုန်ရုံပဲရှိမယ်"

တရွေ့ရွေ့ ထွက်ခွာသွားသော ကျောပြင်ကိုကြည့်ပြီး စိုင်းသူရ ဒေါသတကြီးဖြင့် စားပွဲခုံကို ဆွဲလှန်ပစ်လိုက်သည်။

မှိုင်း(Complete)Wo Geschichten leben. Entdecke jetzt