မှိုင်း part 26 update 24.10.2021 12:30 PM
Unicode
မင်းခ အလုပ်သွားသလို မင်းမြတ်ကလည်း မနက်စာစားပြီးကတည်းက ဆိုင်ကယ်တစ်စီးဖြင့် ထွက်သွား၍ အိမ်မှာ မှိုင်းတစ်ယောက်ထဲ ကျန်နေသည်။
သီဟနဲ့ယိင်းက စာမေးပွဲ ပြီးသည်နှင့် ကလောပြန်ဆင်းသွားသောကြောင့် မှိုင်းတစ်ယောက် Dလေးနဲ့ အချိန်ဖြုန်းလိုက် သင်တန်းတက်လိုက်ဖြင့် ချာလပတ်လည်နေတော့၏။
မင်းမြတ်ကော မင်းခပါ ဒီရက်ထဲ အလုပ်များနေ၍ မနက်စာ နေ့လည်စာ ညစာကို မှိုင်းတစ်ယောက်ထဲ စားနေရသည်က များသည်။ယနေ့ကြမှ နေ့လည်စာ စားချိန်တွင် နှစ်ယောက်လုံး ပြန်ရောက်လာ၍ လက်ဆုံစားဖြစ်တော့၏။
ထမင်းစားပြီးချိန်တွင် မင်းမြတ်နဲ့ မင်းခက ဧည့်ခန်းဘက် ထွက်သွား၍ မှိုင်း အမြန် လက်စသတ်ကာ မင်းမြတ်တို့နောက်မှ လိုက်ခဲ့လိုက်သည်။
"ထိုင်ဦး မှိုင်း အန်ကယ်လေး ပြောစရာရှိတယ်"
မင်းမြတ်စကားကြောင့် မှိုင်း မလှမ်းမကမ်းတွင် ဝင်ထိုင်လိုက်တော့ မင်းမြတ်က ချောင်းတစ်ချက် ဟန့်ပြီး
"မှိုင်း မင်း Daddyဆီ နောက်အပတ်ကြရင် ပြန်ရမယ်"
မင်းမြတ်စကားကြောင့် မှိုင်း မျက်မှောင်တွန့်ကာ
"မပြန်ချင်ဘူး အန်ကယ်လေး ကျွန်တော် ဒီမှာပဲ နေမှာ"
"ကျောင်းဖွင့်တဲ့ အချိန်ပြန်လာလို့ရတယ်လေ ငယ်"
မင်းခကပါ ဝင်ပြောလာ၍ မှိုင်း ကျွတ်ခနဲ စုတ်သတ်ကာ
"ဘာလို့လဲ ဘာလို့ ကျွန်တော့်ကို ပ ထုတ်နေကြတာလဲ။အလုပ်က ဒေဝါလီ ခံနေရတာမို့လား။မသွားချင်ဘူး။ဒီမှာပဲ နေမှာ"
"မှိုင်းရီဝေ!"
မင်းခက တစ်ခါမှ မအော်ခဲ့ဖူးသော မှိုင်းကို နာမည်အပြည့်အစုံခေါ်ကာ အော်လိုက်၍ မှိုင်းတင်မက မင်းမြတ်ကပါ အံ့ဩ မိသွားသည်။
မှိုင်း တွေခနဲ ဖြစ်သွားပြီး
"အိမ်ကို လာလာနေတဲ့ ဟိုမိန်းမကြောင့်လား။အန်ကယ်လေးတို့ ကျွန်တော့်ကို ဘာတွေ ကွယ်ဝှက်ထားလဲ"

ŞİMDİ OKUDUĞUN
မှိုင်း(Complete)
RomantizmUnicode ရှမ်းပြည်နယ်က တောင်ပေါ်သားလေးတစ်ယောက် သူ့ရဲ့ မွေးစားဦးလေး ကပြားကိုမှ ချစ်မိသွားတဲ့အခါ နှင်းမြူတွေဆိုင်းပြီး ချယ်ရီတွေဝေနေတဲ့ တောင်တန်းမြေရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ကွယ်။တောင်တန်းမြေကို ချစ်တယ်။ချယ်ရီပန်းတွေကို ချစ်တယ်။ ပြီးတော့ ခေါပုတ်သ...