မှိုင်း part 35
One Week later-----
အေးစိမ့်နေသော မျက်နှာကြောင့် မှိုင်း စောင်ကို ခေါင်းမြီးခြုံကာ ကွေးနေမိသည်။ကိုယ်လုံးကို တတ်နိုင်သမျှ ပုဇွန်လေးလို ကွေးရင်း စောင်ပုံအထပ်ထပ် ကြားထဲ ဇိမ်ယူနေရာမှ မထချင် ထချင်ဖြင့် အီလေးဆွဲကာ ထရတော့သည်။
ရေနွေးနွေးဖြင့် မျက်နှာသစ်ပြီးမှ အိမ်စီး အနွေးဖိနပ်ကို ကောက်စွပ် ဂွမ်းသားညအိပ် ဝမ်းဆက်ပေါ် အနွေးထည် ထူထူ ထပ်ဝတ်ပြီးမှ အောက်ထပ်ကို ဆင်းလာလိုက်၏။
ထမင်းစားခန်းထဲတွင် မျက်နှာချင်းဆိုင် ထိုင်လျက်ရှိနေသော ဦးမင်းခ နှင့်မေက စကားလက်ဆုံ ကျနေဟန်ဖြင့် ရေနွေးကို တဖူးဖူး မှုတ်သောက်ရင်း ဆွေးနွေးနေကြသည်။
ဆွေးနွေးသည်ဟု ခေါင်းစဉ်တပ်ထားသော်လည်း တစ်ယောက်နှင့်တစ်ယောက် ထမသတ်ရုံတမယ် စကားစစ်ခင်းနေမည်က အသေအချာ။
မှိုင်း ထမင်းစားခန်းထဲ ဝင်လာသည်ကို တွေ့နေရသော ဦးမင်းခက အရန်သင့် ထည့်ထားသော ကော်ဖီအခါးမှုန့်ခွက်ထဲ ရေနွေးကို အချိုးကျကျစပ်ရင်း ကော်ဖီခါးခါး တစ်ခွက်ကို ဖျော်ပေးလိုက်သည်။ကော်ဖီသောက်တိုင်း သကြား နို့ဆီမထည့်ပဲ အခါးမှုန့်အတိုင်း ဖျော်သောက်တတ်သည်က မှိုင်းရဲ့ အကျင့်များထဲက တစ်ခု ဖြစ်၏။
ထမင်းစား စားပွဲပေါ် အရန်သင့်ပြင်ထားသည်က မုန့်ဖတ်သုတ် တို့ဟူးသုတ်။ထမင်းကြော်ပူပူကို တို့ဟူးသုတ်နှင့် တွဲစားတတ်သော မှိုင်း အကြိုက်ကို နောကျေနေသည့် ဒေါ်နန်းယုက အငွေ့တထောင်းထောင်း ထမင်းကြော်ဝါဝါကို ခူးပေးသည်။
မှိုင်းရဲ့ ထူးဆန်းလှသော အကျင့်များစွာထဲမှ တစ်ခုက အသုတ်များ ဒါမှမဟုတ် ခေါက်ဆွဲကြော် ထဲမှ ပါတတ်သည့် အရွက် ဂေါ်ဖီထုပ်များကို ရွေးစားတတ်ခြင်းပင်။ယခုလည်း တို့ဟူးသုတ်ထဲ ပါသမျှ ဂေါ်ဖီထုပ်များကို အားရပါးရ ယူစားနေပြန်၏။
မုန်ညင်းချဉ်ဖတ်ကို တမြုံ့မြုံ့ထိုင်ဝါးရင်း တို့ဟူးကြော်ကို တို့ဟူးချဉ်လေးတို့၍ စားဖို့ပြင်နေစဉ် အချဉ်ပေါင်းစုံ စားနေမိသည်ကို သတိရသွားသော်လည်း မတတ်နိုင်။
![](https://img.wattpad.com/cover/279939126-288-k734227.jpg)
ESTÁS LEYENDO
မှိုင်း(Complete)
RomanceUnicode ရှမ်းပြည်နယ်က တောင်ပေါ်သားလေးတစ်ယောက် သူ့ရဲ့ မွေးစားဦးလေး ကပြားကိုမှ ချစ်မိသွားတဲ့အခါ နှင်းမြူတွေဆိုင်းပြီး ချယ်ရီတွေဝေနေတဲ့ တောင်တန်းမြေရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ကွယ်။တောင်တန်းမြေကို ချစ်တယ်။ချယ်ရီပန်းတွေကို ချစ်တယ်။ ပြီးတော့ ခေါပုတ်သ...