Part-2

14.1K 887 89
                                    

Unicode

စိုးရိမ်ရတဲ့ အခြေအနေမှ လွတ်ပြီဟု ဆိုလာသော doctorကြောင့် မင်းခနဲ့ မင်းမြတ်မှာ လေပူများ ဟူးခနဲ မှုတ်ထုတ်မိတော့သည်။

မှိုင်းသာ ဆေးရုံကို ဒီထက် နောက်ကျမှ ရောက်လျှင် မင်းမြတ် တစ်ယောက် မှိုင်းကို ပွေ့ကာ
ငိုရတော့မည်။

နာရီလက်တံကို ကြည့်လိုက်တော့ ည8နာရီ ပင်ထိုးပြီ ဖြစ်၍

"မင်းခ မင်းအိမ်ကို ပြန်နားလိုက် ပါလား အခြေအနေက စိတ်ချရပြီ ဆိုတော့ အကိုပဲ ဆက်ကြည့် ထားလိုက်မယ်"

မင်းမြတ်စကားကို မင်းခ ခေါင်းခါပြရင်း

"ကျနော် ပြန်ရင်လည်း အိပ်နိုင်မှာ မဟုတ်တဲ့အတူတူ ဒီမှာပဲ စောင့်ကူ လိုက်တော့မယ်"

မှိုင်းနဲ့ ပက်သက်လျှင် ခေါင်းမာသော မင်းခကို မင်းမြတ် တားလို့ မရနိုင်မှန်းသိ၍

"အဲ့တာဆိုလည်း ညစာတစ်ခုခု အကိုသွားဝယ်လိုက်ဦးမယ်။ခရီးက ရောက်ရောက်ခြင်း မနားရတဲ့ အပြင် ညစာပါလွတ်တော့ မင်းဗိုက်ဆာနေမှာပဲ"

မင်းမြတ်စကားကို မင်းခ ခေါင်းငြိမ့်ရုံသာ ငြိမ့်ပြလိုက်သည်။

ထို့နောက် pajamaဝတ်စုံဖြင့် ကောင်ငယ်လေးအား မင်းခ ကြည့်မိတော့ ဖြူဖြူဖျော့ဖျော့ဖြင့် ကုတင်ပေါ်တွင် အိပ်မောကျနေသည်မှာ အရုပ်ကလေးလို။

ဘယ်ဘက်လက် လက်ကောက်ဝတ်တွင် ပတ်တီးစများ ပတ်ထား၍ ကြည့်ရဆိုးသော ဟပြဲ ဒဏ်ရာကြီးကို မမြင်ရတော့။နှုတ်ခမ်းတစ်ခုလုံးမှာ ပြာနှမ်းလျက် တစ်ကိုယ်လုံးမှာလည်း ပြာနေသည်မှာ အသက်ဝိဉာဉ် ကင်းမဲ့နေသော လူတစ်ဦး ကဲ့သို့ပင်။

ခပ်ဖျော့ဖျော့ အသက်ရှူသံ ကြောင့်သာ အသက်ရှိနေမှန်း အတည်ပြုနိုင်ခြင်း ဖြစ်သည်။

ငယ်ငယ်က ပုပုလုံးလုံး ဖောင်ဖောင်း ပြည့်ပြည့်နဲ့ မင်းခကိုယ်တိုင် ချီပိုး၍ ထိန်းလာရသော ငါးပူပေါင်းလေးမှာ ယခုတော့ အသားဖြူဖြူ ပိန်သေးသေးနဲ့ 17နှစ်အရွယ် လူငယ်လေး တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။

မင်းခရဲ့ အတွေးများမှာ လွန်ခဲ့သော နှစ်များစွာက မှိုင်း ပေါက်စလေးဆီသို့..........

မှိုင်း(Complete)Where stories live. Discover now