part-4

11.7K 612 47
                                        


"မှိုင်းလေး ထတော့"

နူးညံ့ ရှတသော အသံကြောင့် မှိုင်း အိပ်မှုန်စုန်မွှားဖြင့် ထကာ ကြည့်လိုက်တော့ ခြံဝန်းတစ်ခု ရှေ့တွင် ရောက်နေပြီ ဖြစ်သည်။

ဟွန်းသံ တစ်ချက် ပေးလိုက်တော့ အသက် 30ကျော်အရွယ် လူကြီးတစ်ဦး အိမ်ထဲမှ ပြေးထွက်လာကာ ခြံတံခါးကို ဖွင့်ပေးလာ၍ မင်းခခြံဝန်းထဲအထိ ကားကို မောင်းဝင်လာလိုက်၏။

ကားဆင်ဝင်အောက် ကားကိုရပ်လိုက်သောအခါ ကားပေါ်မှဆင်းကာ ပြူးကလယ် ပြူးကလယ်ဖြင့် ပတ်ပတ်လည်ကို စူးစမ်းနေပါသော မှိုင်း

နှစ်ထပ်တိုက် တစ်တိုက်လုံးကို အဖြူရောင်ဆေးသုတ်ထားပြီး မှိုင်းတို့ကားရပ်ထားသည့်နေရာမှာ အပေါ်ထပ်ရှိ လေသာဆောင် ဝရန်တာ အောက်တည့်တည့်တွင် ဖြစ်နေ၍ အရိပ်ကျနေသောကြောင့် ကားရပ်ဖို့ရာ အဆင်ပြေနေသည်။

မှိုင်း ဘေးပတ်ဝန်းကျင်ကို မျက်စိကစားလိုက်တော့ ‌ခြံဝန်းမှာ အတော်အသင့်ကျယ်ဝန်းကာ ထင်းရှူးပင် ပန်းပင်တချို့ စိုက်ထားသည်ကိုလည်း တွေ့ရ၏။

နေရာသစ်လေးကို စူးစမ်းနေသော မှိုင်းပုံစံမှာ မျက်လုံးဝိုင်းဝိုင်းလေးဖြင့် ဟိုကြည့်ဒီကြည့် ကြည့်နေကာ ယုန်လေးတစ်ကောင် စူးစမ်းနေသော ပုံစံနှင့် တူနေပြီး အကယ်၍ မှိုင်းတွင် နားရွက်ထောင်ထောင်နှင့် ယုန်နှုတ်ခမ်းမွှေးများ ရှိနေပါက လှုပ်စိလှုပ်စိလေး ဖြစ်နေမည်မှာ အသေအချာပင်။

ဟိုစပ်စု ဒီစပ်စုလုပ်နေသော မှိုင်းပုံစံကို ကြည့်၍ မင်းခပြုံးလိုက်ပြီး

"မှိုင်းလေး"

"ဗျာ…ဗျာ"

မင်းခ ရုတ်တရက် ခေါ်လိုက်သောကြောင့် မှိုင်းယောင်ယမ်းကာ ထူးမိတော့ မင်းခရဲ့ ရီသံမှာ လွင်ခနဲ။

ပါးချိုင့်ကလေးများပေါ် သည်အထိ ဟက်ဟက်ပက်ပက် ရီနေသော ဦးငယ်ကို မှိုင်း သတိလက်လွှတ် ငေးကြည့်နေမိသည်။ထို့နောက် မင်းခ ရီနေသည်ကို အရှိန်သပ်လိုက်ပြီး

"နောက်မှ ခြံထဲပတ်ကြည့်ပေါ့ အခုတော့ အရင်နားလိုက်ပါဦး"

မင်းခစကားကို ခေါင်းတငြိမ့်ငြိမ်နှင့် နားထောင်ကာ မှိုင်း အိမ်ထဲသို့ဝင်လိုက်သောအခါ အိမ်ထဲ ဝင်ဝင်ခြင်းတွင် ဆိုဖာနဲ့ စားပွဲခုံများ နေရာတကျ ခင်းကျင်းထားသော ဧည့်ခန်းကျယ်ကြီးရှိပြီး ဧည့်ခန်းကိုဖြတ်၍ အထဲဝင်လိုက်မှ အပေါ်ထပ်တက်ရန် လှေကားကို တွေ့ရသည်။

မှိုင်း(Complete)Donde viven las historias. Descúbrelo ahora